Hold Me Hold My Soul - 9

2.7K 305 22
                                    

ရှောင်းကျန့် နေ့လယ်ကျော်တဲ့အချိန်ထိ အိပ်ပျော်သွားခဲ့တယ်။ သူ နိုးလာတဲ့အချိန်ထိ အိပ်ခန်းထဲမှာ အလင်းရောင်က မှိန်နေတုန်းပဲ။ လုံးဝ မှောင်ကျနေတယ်။ ဝမ်ရိပေါ်က အိပ်ရာထသွားပြီဖြစ်ပြီး အခန်းထဲမှာ သူ တယောက်တည်း ကျန်ရစ်တယ်။

သူ့လက်ကောက်ဝတ်က နာရီ ဘယ်ရောက်နေလဲမသိသလို ဖုန်းကလည်း သူ့အနားမှာ မရှိဘူး။ ရှောင်းကျန့် သူ့လက်ကိုမြှောက်လို့ ဝမ်ရိပေါ်ရဲ့ ခေါင်းအုံးဘေးက iPad ကို နှိပ်လိုက်တယ်။ သူ မျက်လုံးတွေကို မှေးကျဉ်းလို့ ကြည့်တဲ့အခါ ၃ နာရီအတိ ထိုးနေပြီဖြစ်တယ်။

သက်ပြင်းချလိုက်တယ်။ လေလျော့သွားတဲ့ဘောလုံးလေးလို စောင်နွေးနွေးထဲ ပြန်ဝင်ခွေတယ်။ သူ အသိစိတ်တွေ အကုန်လုံး ပြန်ဝင်နေပြီဆိုပေမဲ့ ဆေးခတ်ခံထားရတဲ့ နောက်ဆက်တွဲပြဿနာတွေ ကျန်နေသေးတယ်။ မျက်ခွံတွေ နာကျင်နေတာနဲ့ သူ့တကိုယ်လုံး အားမရှိတာတွေပေါ့။

မနေ့ညက ဘာတွေဖြစ်ခဲ့လဲ သူ မမှတ်မိဘူး။ သူ့ရဲ့ အသိဉာဏ်ဝေဝေဝါးဝါးက ဒီဗီလာထဲကို သူ‌လျှောက်ဝင်လာခဲ့တဲ့အထိပဲ ရှိတယ်။ သူ ဒီအိပ်ရာပေါ် ဘယ်လိုအိပ်ဖြစ်နေလဲဆိုတာ လုံးဝ မမှတ်မိဘူး။

သူ့ဗိုက်ထဲမှာ ဘာမှမရှိဘူး။ သူ့လည်ချောင်းက ခြောက်သွေ့နေတယ်။ သက်တောင့်သက်သာမရှိမှုတွေကြောင့် သူ ဒီအိပ်ရာကနေ မခွာချင်ဘူး။ သူ့ပုံစံက ကျဉ်းကျဉ်းကျပ်ကျပ် နေရာတခုထဲ ရောက်နေသလိုပဲ။ မှောင်မဲနေပေမဲ့ နွေးထွေးပြီး လုံခြုံတယ်။

တောက်ပတဲ့ အဝါရောင်အလင်းက အိပ်ခန်းရဲ့ အမှောင်ထုကို ဖြတ်သန်းဝင်ရောက်လာတယ်။ ဝမ်ရိပေါ်ဟာ ရေချိုးခန်းတံခါးကို တွန်းဖွင့်လို့ အပြင်ထွက်လာတာဖြစ်တယ်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက အဝတ်ကင်းမဲ့နေပြီး ခါးနားက တြိဂံပုံစံ ကြွက်သားလိုင်းက အရမ်းကို သိသာနေတယ်။ စိုနေတဲ့ဆံပင်တွေက ရေတစက်စက်ကျနေပြီး သူ့ခေါင်းအနောက်ကို အညိုရောင် ရေချိုးတဘက်နဲ့ သုတ်နေတယ်။

ရုတ်ချည်း လင်းသွားမှုက ရှောင်းကျန့်မျက်လုံးတွေကို မှေးကျဉ်းသွားစေတယ်။

Human Nature is Evil ||Completed||Where stories live. Discover now