Hold Me Hold My Soul - 18

2.4K 314 14
                                    

ခန်းမရဲ့ ဥရောပစတိုင် ပန်းဆွဲအလင်းရောင်တွေအောက်မှာ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်က ပိုပြီးတော့တောင် ပိန်နေသလိုပဲ။ သူ့မျက်ဝန်းတွေက စိုစွတ်ပြီး ရဲနေတယ်။ သူ့ပုံစံက အခြေအနေ တော်တော်ဆိုးနေသလိုပဲ။ ခဏတွင်းချင်းမှာ လဲကျသွားတော့မလိုမျိုး။ ဝမ်ရိပေါ်ဟာ တခြားဘာမှမတွေးနိုင်တော့ဘဲ ရှေ့ကို သွက်သွက်လှမ်းလို့ ရှောင်းကျန့်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။

သူ ရှောင်းကျန့်ရဲ့ ခေါင်းအနောက်ဘက်ပေါ် ခပ်သာသာဖိလို့ တခြားလက်နဲ့ Suit အင်္ကျီအောက်က ကျောပြင်ငယ်ကို အပေါ်အောက် ခပ်ဖွဖွ ပွတ်ပေးနေမိတယ်။ အဲ့ဒီနောက် ရှောင်းကျန့်ရဲ့နားနားကပ်လို့ ရှောင်းကျန့်ကို စိတ်တည်ငြိမ်သွားအောင် တတ်နိုင်သမျှ လေသံကို ဖွလို့ ညင်ညင်သာသာ ပြောနေတယ်။

"ဘာမှမဖြစ်ဘူး။ ပြီးသွားခဲ့ပြီ"

ရှောင်းကျန့်ကိုယ်လုံးက တင်းတောင့်သွားတယ်။ ရုတ်တရက် ရစ်သိုင်းသွားတဲ့ နွေးထွေးမှုအောက်မှာ သူ ကြောင်ငေးနေမိတယ်။ သူက ဒီလိုနွေးထွေးမှုမျိုးနဲ့ အရမ်းကို စိမ်းသက်လွန်းတယ်။ စိမ်းသက်လွန်းလို့ သူ့ကို "ကြောက်ရွံ့"တဲ့ ခံစားချက်တွေ ဖြစ်လာစေတယ်။ သူ ဒီပွေ့ဖက်မှုကနေ ရုန်းထွက်ချင်ပေမဲ့ တဖက်မှာလည်း ဒီနွေးထွေးမှုကို လိုအပ်လွန်းလို့ ရုန်းထွက်ဖို့ ငြင်းဆန်နေမိတယ်။ သူ့တကိုယ်လုံးဟာ တင်းတင်းကျပ်ကျပ် ဖက်ထုပ်ခံထားရတယ်။ အရိုးတွေထဲတောင် အကြားအလပ် မရှိလောက်အောင်ပဲ။ တင်းတောင့်လွန်းလို့ သူ ဘာလုပ်ရမှန်းမသိဘူး။

ဝမ်ရိပေါ်ရဲ့ လက်ဖဝါးကြီးက သူ့ဆံပင်နုနုတွေပေါ် ပွတ်သပ်လာတယ်။ ပွတ်သပ်သွားတဲ့ အချက်တိုင်းမှာ သူ့နှလုံးသားထဲက စိုးထိတ်ကြောက်လန့်မှုတွေကို ယူဆောင်သွားပေးနေသလိုပဲ။

"ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ဘူး....."

ရှောင်းကျန့်ရဲ့ကျောပေါ်မှာ နွေးထွေးမှုတွေကို ခံစားလိုက်ရတယ်။ သူ့ကျောပေါ်မှာ ချွေးတွေစို့နေလို့ အတွင်းရှပ်အင်္ကျီက ကျောအသားပေါ် ကပ်နေပေမဲ့ သက်တောင့်သက်သာ မဖြစ်တာမျိုး မရှိဘဲ နွေးထွေးမှုတွေဟာ ကျောရိုးတလျှောက် မြင့်မားတဲ့နှုန်းအတိုင်း တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး သူ့အရိုးတွေထဲ တနှစ်ပတ်လုံး ဝန်းရံကိန်းအောင်းနေခဲ့တဲ့ ရေခဲတွေဟာ တဖြည်းဖြည်း အရည်ပျော်သွားခဲ့တယ်။

Human Nature is Evil ||Completed||Where stories live. Discover now