အဲ့ဒီညမှာ သူ ဘယ်လိုအိပ်ပျော်သွားခဲ့လဲဆိုတာ ရှောင်းကျန့် မမှတ်မိတော့ဘူး။ သူ ဦးနှောက်ထဲ အောက်ဆီဂျင် ပြတ်လပ်တဲ့အထိ ငိုခဲ့တယ်။ သူ့တကိုယ်လုံးဟာ မခံမရပ်နိုင်အောင် နာကျင်နေတယ်။ သူ အခန်းထဲကို ယိုင်ထိုးဝင်သွားပြီး အိပ်ရာပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားခဲ့တယ်။ သူ အိပ်ပျော်သွားတာလား၊ သတိလစ်သွားတာလားဆိုတာတောင် မသိဘူး။
ဒီညမှာ အရမ်းနာကျင်ရတယ်။ သူ သူ့ကိုယ်သူ စောင်ခြုံမထားဘူး။ သူ့ကျောတခုလုံးက စိုရွှဲနေတယ်။ အေးစက်တဲ့ လေတွေဟာ သူ့ရဲ့ ချွေးပေါက်ကနေတဆင့် သူ့အရိုးထဲ၊ သူ့သွေးထဲထိ စိမ့်ဝင်လာတယ်။ သူ့နဖူးပေါ်မှာ ချွေးစပါးပါးလေး ရှိနေပြီး သူ့လက်မောင်းကို သူဖက်လို့ သူ့ကိုယ်သူ ကွေးကွေးလေး လုပ်ထားရင်း တုန်ယင်နေတယ်။
နောက်နေ့ မနက် ၁၂ နာရီထိ သူ အိပ်ရာ မထနိုင်ခဲ့ဘူး။ အိမ်အကူအဒေါ်ကြီးက တံခါးလာခေါက်ပေမဲ့ ပြန်ထူးသံ မကြားရဘူး။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ အစားအသောက်အတွက် သူတို့ကို ဂရုစိုက်ခိုင်းထားတာမို့ အကြိမ်ကြိမ် တွေးတောပြီးနောက်မှာ ရှောင်းကျန့်ကို နှိုးဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ တံခါး ခေါက်လေ၊ တခုခု ဖြစ်နေမှန်းကို ပိုခံစားရလေပဲ။ သူတို့ ဘယ်လိုခေါ်ခေါ် အထဲက ဘာတုံ့ပြန်မှုမှ မပေးဘူး။ တခုခုဖြစ်မှာ ကြောက်တာမို့ အစေခံတွေဟာ အိမ်အကူအဒေါ်ကြီးကနေတဆင့် အိမ်တော်ထိန်းကို ပြောလို့ ဆုံးဖြတ်ချက် ချခိုင်းတယ်။ တံခါး ဘယ်လောက်ခေါက်ခေါက်၊ ပြန်ဖြေသံ မကြားတဲ့နောက်မှာတော့ သော့အပိုကိုသုံးလို့ အခန်းတံခါးကို ဖွင့်လိုက်ကြတယ်။
အခန်းထဲမှာ မှောင်နေပြီး ကန့်လန့်ကာက အနည်းငယ်သာ ဟ,ထားတယ်။ အလင်းရောင်တန်း မျှင်မျှင်လေးဟာ အိပ်ရာပေါ်က တုန်ယင်နေတဲ့လူအပေါ် ထိုးကျနေတယ်။ အရမ်းအေးနေပုံရတယ်။ စောင်ကို ဆွဲယူခြုံဖို့ ကြိုးစားထားပေမဲ့ အဆုံးသတ်မှာ သူ အရမ်းအားနည်းနေမှုကြောင့် သူ့ဒူးနားလောက်ထိသာ စောင်စွန်းလေးက ရှိနေတယ်။
ရှောင်းကျန့် ဖျားနေတယ်။ အပြင်းဖျားနေတာဖြစ်တယ်။ တကိုယ်လုံး ပူခြစ်တောက်ပြီး သတိမကပ်နိုင်တာများ အပြင်က ဘယ်လောက်ခေါ်ခေါ် သူ မနိုးနိုင်ခဲ့ဘူး။
YOU ARE READING
Human Nature is Evil ||Completed||
Fanfiction"မုန်တိုင်းနဲ့ ဆုံခဲ့ပေမဲ့ မင်းနဲ့တော့ လွဲခဲ့တယ်" - SEAHii_ Myanmar Translation နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါတယ်။