သူ့မေးရိုးပေါ်မှာ နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရတယ်။ ရှောင်းကျန့် ဝမ်ရိပေါ်ကို ကြည့်လိုက်တယ်။ ဒီလူဟာ သူ့ကို နောက်ပြောင်ဟာသလုပ်နေတာ မဟုတ်မှန်း ရုတ်တရက်ကြီး သူ သတိပြုမိသွားတယ်။ ဒါပေမဲ့ ဒါက ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ။ အချစ်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူးလို့ သူက တွေးတယ်။ ပြီးတော့ ဒီလိုခံစားချက်တွေက သူ့အတွက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။
ရှောင်းကျန့်ဟာ ငယ်စဉ်ကတည်းက အဆင့်မြင့်ပညာရေးကို သင်ယူခဲ့ရပြီး အောင်မြင်သူ အထက်တန်းလွှာတွေရဲ့ ရှုထောင့်တွေကို သင်ယူခဲ့ရတယ်။ လိင်တူချစ်ကြိုက်ခြင်းဆိုတာ သူ့အတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ သူဟာ အချစ်ဆိုတာနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ရှင်းရှင်းထားတဲ့လူဖြစ်ပြီး အဲ့လိုခံစားချက်တွေနဲ့ ဝေးရာမှာ အစကတည်းက တသီးတသန့် ဝေးဝေးနေခဲ့တယ်။
အခြေအနေက အနည်းငယ် တည်ငြိမ်သွားတယ်။ တာ့ဟွမ်ဟာ ဝမ်ရိပေါ်ရဲ့အပြုအမူကို နားလည်မှုလွဲပြီး ရုတ်တရက် အမူအရာပြောင်းလို့ ဝမ်ရိပေါ်ကို ထိုးဟောင်တယ်။ ဝမ်ရိပေါ်က တချက်ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူ့အမူအရာက အေးဆေးနေတယ်။ အဲ့ဒီနောက် သူ့လက်ကိုလွှတ်လို့ နေရာမှာ ပြန်ထိုင်တယ်။
တာ့ဟွမ်က စူးစူးဝါးဝါး ဟောင်နေတုန်းပဲ။ ဝမ်ရိပေါ်က မျက်မှောင်ကြုတ်လို့ တာ့ဟွမ်ရဲ့ခေါင်းရှိရာ လက်ညိုးထိုးရင်း ဩရှတဲ့အသံနဲ့ ပြောလိုက်တယ်။
"Johnson တိတ်စမ်း!"
တာ့ဟွမ်ဟာ အရမ်းကိုမှ သိနားလည်တဲ့ ခွေးတကောင်ဖြစ်တယ်။ သူက ပြောတာကို တကယ်နားလည်သွားသလိုမျိုး နေရာမှာ ထိုင်ချလို့ ဟောင်တာရပ်သွားတယ်။
တာ့ဟွမ်ရဲ့နာမည်ကို ဝမ်ရိပေါ် ခေါ်တာကြားတဲ့အခိုက်အတန့်မှာ ရှောင်းကျန့် အနည်းငယ် တွေဝေသွားတယ်။ ဘာပဲပြောပြော ဒီ "Johnson" ဆိုတဲ့နာမည်ကို သူ မခေါ်ဖြစ်ခဲ့တာ အကြာကြီးရှိပြီ။ ဝမ်ရိပေါ်က သိနေလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။
"မင်းက သူ့နာမည်ကို သိတယ်လား?"
"ဟင်?"
"သူ့နာမည်က Johnson မှန်း မင်း ဘယ်လိုသိတာလဲ?"
![](https://img.wattpad.com/cover/336896625-288-k501298.jpg)
YOU ARE READING
Human Nature is Evil ||Completed||
Fanfiction"မုန်တိုင်းနဲ့ ဆုံခဲ့ပေမဲ့ မင်းနဲ့တော့ လွဲခဲ့တယ်" - SEAHii_ Myanmar Translation နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါတယ်။