Hold Me Hold My Soul - 13

2.9K 321 33
                                    

ရှောင်းကျန့် အိမ်ပြန်ရောက်တဲ့အခါ သူ ပြင်သစ်မှန်ပြတင်းကြီးတွေရှေ့မှာ အကြာကြီး ထိုင်နေဖြစ်တယ်။

ညက ပြည့်ပြည့်ဝဝ မိုးချုပ်နေတယ်။ တာ့ဟွမ်ဟာ သူ့ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်း အိပ်ပျော်နေတယ်။ သူ ရံဖန်ရံခါမှာ အဝေးတောင်ပတ်လမ်းက ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို လှမ်းကြည့်နေမိတယ်။ သူ့ခေါင်းထဲမှာ တောင်ပေါ်လမ်းတဝက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က နေရာအပြည့် ယူထားတယ်။ သူ့ပါးတွေက တရှိန်ရှိန် နွေးနေပြီး သူ့နှလုံးသားက တဒုတ်ဒုတ် ခုန်နေတယ်။ ဒါပေမဲ့ ဒီလို ခန္ဓာကိုယ် တုံ့ပြန်မှုတွေနဲ့ တပြိုင်တည်းမှာ သူ့နှလုံးသားထဲ မြင့်မားလွန်းတဲ့ စိုးရိမ်မှုနဲ့ ထိတ်လန့်မှုတွေ ရှိနေတယ်။

"အချစ်" ဆိုတဲ့အရာကို ဘယ်တုန်းကမှ မြည်းစမ်းမကြည့်ဖူးသူအတွက် ဒီလိုခံစားချက်မျိုးနဲ့ပတ်သက်ပြီး မွေးရာပါတုံ့ပြန်မှုဟာ ငြင်းဆိုရုန်းကန်ဖို့ဖြစ်တယ်။

ရှောင်းကျန့် တာ့ဟွမ်ရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်တယ်။ လုံခြုံမှုကို ရှာဖွေသလိုမျိုး သူ သူ့ရင်ခွင်ထဲက ခွေးကို ယောင်ယမ်းလို့ တင်းတင်းဖက်လိုက်တယ်။ စောစောတုန်းက အနမ်းဟာ ဖိအားပေးခြင်း ခံရတာ မဟုတ်သလို၊ ဆေးခတ်ခံရလို့ ဖြစ်ခဲ့တာလည်း မဟုတ်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်းကြီး နားလည်ထားတယ်။ သူဟာ လုံးဝ နိုးနိုးကြားကြား ရှိနေပြီး ဝမ်ရိပေါ်ကို သူ့စိတ်နဲ့သူ တုံ့ပြန်မှုပေးခဲ့တာဖြစ်တယ်။

ရှောင်းကျန့်စိတ်ထဲ ရယ်ရသလိုပဲ။ သူ့ကို ဘာတွေ ဝင်ပူးသွားလို့ ဒီလိုဖြစ်သွားတယ်ဆိုတာ သူ့မှာ နားမလည်ဘူး။ ဒီလိုမျိုး သူ့နှလုံးသားကနေ ဝမ်ရိပေါ်ကို အလောတကြီး မီးစိမ်းပြလိုက်ဖို့ကိုလေ။

သူ့ဖုန်းကို ရှာမတွေ့ဘူး။ ဆိုပေမဲ့ အထဲမှာ အရေးကြီးအချက်အလက်တွေ မရှိတာမို့ တော်သေးတယ် ပြောရမယ်။ ဂျေဒန်က နောက်ရက်မှာပဲ သူ့အတွက် ဖုန်းသစ်တလုံး အစားထိုးပေးပြီး အစစအရာရာကို သေချာလုပ်ကိုင်ပေးတယ်။ ရှောင်းကျန့် သုံးကြည့်တဲ့အချိန်မှာ သတိထားမိတယ်။ အရင်ဖုန်းလိုပဲ ဘာမှကွာခြားသွားခြင်း မရှိဘူး။

Human Nature is Evil ||Completed||Where stories live. Discover now