မေတ္တာရပ်ခံချက် : ဆေးရုံတက်နေတဲ့အဖွားက ပြောခိုင်းလို့ပါ။ ရိပေါ်လေးကို မဆဲကြပါနဲ့။ ဆဲချင်ရင် မနေနိုင်၊ မထိုင်နိုင် လာဖတ်မိတဲ့ ကိုယ့်ကိုကိုယ်သာ ဆဲကြပါတဲ့။ အဖွား စိတ်မကောင်းလို့ပါတဲ့ရှင် 🥺
***************************************
ဈေးကွက်အခြေအနေက ညတွင်းချင်းကြီးတော့ ကောင်းမသွားနိုင်ဘူးပေါ့။ ရှောင်းကျန့်ဘက်က ရပ်တန့်လိုက်ပြီဆိုပေမဲ့ ဝမ်ရိပေါ်မှာ နေ့တိုင်း အလုပ်ကနေ မောမောပန်းပန်း ပြန်လာရတုန်းပဲ။ ပြီးခဲ့တဲ့ရက်တွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဈေးကွက်အပြောင်းအလဲဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတာကို ခံစားရမိနေတယ်။ ဒါပေမဲ့ ဘယ်သူလုပ်တယ်ဆိုတာကို ခုထိ သူ အတိအကျ မသိသေးဘူး။
သူ့စိတ်ထဲက ခန့်မှန်းမှု ဖြစ်နိုင်ချေတွေအကုန်လုံးဟာ ရှောင်းကျန့်ကို ညွှန်ပြနေပေမဲ့ ခံစားချက် ကြိုးတချောင်းက သူ့ကို ပြန်ဆွဲထားတယ်။ စည်းကို ဖြတ်ကျော်ပြီး တွေးမိမယ်ကြံတိုင်း အဲ့နေရာကနေ အထပ်ထပ်အခါခါ နောက်ပြန်လှည့်လို့ ရှေ့ဆက်မတွေးဖြစ်ခဲ့ဘူး။
ရှောင်းကျန့်ကတော့ အရင်အတိုင်းပါပဲ။ အလုပ်ကို အချိန်မှန်သွားတယ်၊ အချိန်မှန် ပြန်လာတယ်။ သူ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာက အရမ်းကို ပုံမှန်ကျတယ်။ သူ အရင်ကထက် ခံတွင်းကောင်းလာတယ်။ ဝမ်ရိပေါ်က သူနဲ့ အတူမစားဖြစ်ရင်တောင် အချိန်မှန်စားဖို့ သူ့ကို စာပို့တယ်။ သူကလည်း အရမ်းလိမ္မာတယ်။ စာရောက်လာတဲ့အခါတိုင်းမှာ ခါတိုင်းထက် နည်းနည်းပိုစားဖြစ်တယ်။ ဒါဟာ သူ့အတွက်တော့ ကြီးမားတဲ့ တိုးတက်မှုတခုပဲ။
သူ ဆရာဝန် ညွှန်ကြားချက်ကို လိုက်လို့ ဆေးသောက်နေမှုတွေကို လျှော့ချလိုက်တယ်။ တခါတလေမှာ သူ့စိတ်အခြေအနေက တက်လိုက်၊ ကျလိုက် ရှိတုန်းပေမဲ့ အနည်းဆုံးတော့ သူ့ကိုယ်သူ ကောင်းကောင်းထိန်းချုပ်နိုင်လာပြီဖြစ်တယ်။ တကြိမ်တည်းပဲ၊ အဲ့တကြိမ်မှာ သူ ဘာဖြစ်သွားတယ်မသိ၊ ရုတ်တရက်ကြီး ခံစားချက်တွေ ထိန်းချုပ်မှု လွတ်သွားခဲ့တယ်။ သူ ဝမ်ရိပေါ်ရဲ့အိမ်က အဖိုးတန် ကြွေပန်းအိုးကို ရိုက်ခွဲပစ်လိုက်တယ်။ အဲ့ဒီပန်းအိုးဟာ ချင်မင်းဆက်ခေတ်က ချင်လုံဘုရင် အသုံးပြုသွားခဲ့တဲ့ ကြွေပန်းအိုးဖြစ်ပြီး လေလံပွဲမှာ ငွေအများကြီး ပေးဝယ်ခဲ့ရတယ်။ တစစီကွဲကြေသွားရတာတော့ နှမြောစရာပေါ့။
YOU ARE READING
Human Nature is Evil ||Completed||
Fanfic"မုန်တိုင်းနဲ့ ဆုံခဲ့ပေမဲ့ မင်းနဲ့တော့ လွဲခဲ့တယ်" - SEAHii_ Myanmar Translation နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါတယ်။