အဲဒါရဲ့ နောက်နှစ်၊ ဝမ်ရိပေါ်ရဲ့အသက် ၁၈ နှစ်ပြည့်မွေးနေ့အပြီးမှာ အရေးတကြီးကိစ္စရှိတယ်ဆိုပြီး ရှန်ကျန်းကနေ အလောတကြီး ဖုန်းဝင်လာခဲ့တယ်။
သတင်းရောက်လာတဲ့အချိန်မှာ ဝမ်ရိပေါ်ရဲ့ နားထင်တွေ တွန့်လှုပ်သွားခဲ့တယ်။ တခုခု အရေးကြီးတာ ဖြစ်ပြီမှန်း သူသိတယ်။ အဲ့လိုမှ မဟုတ်ရင် မိသားစုဟာ သူ့ကို အဲ့လိုမျိုး အရေးတကြီး ခေါ်မှာမဟုတ်ဘူး။
ကားဟာ လမ်းဘေးမှာ ထိုးရပ်ထားတယ်။ ဝမ်ရိပေါ်ဟာ ကားနောက်ခုံမှာ ထိုင်နေရင်း ကားပြတင်းကို အနိမ့်ဆုံးထိချလို့ ဆေးလိပ်ကို မီးညှိလိုက်တယ်။ သူ့ပုံစံက အရမ်းကို အေးဆေးနေတယ်။ သူ့လက်ထောက်ရဲ့ ပြည်တွင်းအခြေအနေအကြောင်း ရှင်းပြနေတာကို အေးဆေးစွာ နားထောင်နေတယ်။
"ရှောင်းမိသားစုရဲ့ သားကြီးက တရုတ်ကို ပြန်သွားပြီ။ ရှန်းဟုန်က လက်ပြောင်းလက်လွှဲလုပ်လိုက်ပြီး အကြီးဆုံးသခင်မလေးရဲ့ အခြေအနေက သိပ်မကောင်းဘူး။ ပြဿနာတချို့ တက်နေတယ်"
"လက်ပြောင်းလက်လွှဲလုပ်တယ်....."
ဝမ်ရိပေါ်ဟာ ဆေးလိပ်မီးခိုးငွေ့တွေကို နှာသီးဖျားဝကနေ မှုတ်ထုတ်ရင်း ပြောလိုက်တယ်။
"အဲ့ဒါ သူတို့ ရှောင်းမိသားစုရဲ့ ကိစ္စလေ။ ဒီအတိုင်း လူပြောင်းသွားရုံပဲဟာ"
"ဒါပေမဲ့ ရှောင်းသခင်ကြီးက သခင်မလေးနဲ့ ပတ်သက်ရင် အရေးမစိုက်ဘူးဆိုတာ လူကြီးမင်းလည်း သိတာပဲ။ ပြီးတော့ ချီလုံနဲ့ ပတ်သက်ပြီး သူ့အပြုအမူက အရမ်းအေးတယ်။ အခုချိန်မှာ ရှောင်းသခင်လေးက အာဏာရသွားပြီဆိုတော့ ကျနော်တို့ဘက်က ကြည့်ရင် အကောင်းဘက် သိပ်မရှိဘူး....."
ဝမ်ရိပေါ်ဟာ ကားပြတင်းမှန်ကို မှီထားတယ်။ ဆေးလိပ်တွေ တလိပ်ပြီးတလိပ် သောက်နေရင်း သူ့လက်ထောက်ရဲ့ စကားတွေကို တိတ်ဆိတ်စွာ နားထောင်နေတယ်။
သူတို့ ကားရပ်ထားတဲ့နေရာက Times Squre နဲ့ သိပ်မဝေးဘူး။ ဝမ်ရိပေါ် မော့ကြည့်လိုက်ရင် သိပ်မဝေးတဲ့ မိုးမျှော်တိုက်ဆီက LED Screen ပေါ်မှာ ရှန်းဟုန်ဂရုရဲ့လက်အောက်က နိုင်ငံတကာဖက်ရှင်ကြော်ငြာကို မြင်ရနိုင်တယ်။ ကြော်ငြာကို ပုံစံအမျိုးမျိုးနဲ့ အထပ်ထပ်အခါခါ ပြနေတယ်။ အဲ့ဒီ LED Screen ဟာ ဝမ်မိသားစုအပိုင် ချီလုံဂရုရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ထုတ်ကုန်ပစ္စည်းတခုဖြစ်တယ်။
YOU ARE READING
Human Nature is Evil ||Completed||
Fanfiction"မုန်တိုင်းနဲ့ ဆုံခဲ့ပေမဲ့ မင်းနဲ့တော့ လွဲခဲ့တယ်" - SEAHii_ Myanmar Translation နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါတယ်။