အာရုဏ်ဦး မနက်အစောပိုင်းမို့ လမ်းပေါ်မှာ ကားတွေ ရှင်းနေတယ်။ ရှောင်းကျန့်မှာ အရမ်းကို ပင်ပန်းနေလို့ ဘေးထိုင်ခုံမှာ မှေးခနဲ အိပ်ပျော်သွားတယ်။ သူ့ခန္ဓာကိုယ်က အနည်းငယ်စောင်းနေပြီး ကားမှန်ပြတင်းပေါ် ခေါင်းမှီလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။
ကားဟာ ဟိုတယ်ကားပါကင်ထဲမှာ ရပ်ထားတယ်။ ဝမ်ရိပေါ်ဟာ သူ့ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့လူကို ကြည့်လိုက်တယ်။ သူ မနှိုးချင်ဘူး။ သူ့မှာ ဒီလူကို နှိုးလိုက်ရဖို့ အရမ်းကို တွေဝေနေတယ်။ ရှောင်းကျန့်ရဲ့ လည်တိုင်ပေါ်မှာ သူတို့ ချစ်တင်းနှောခဲ့စဉ်က အနီရောင် အမှတ်အသားတွေ ရှိနေတုန်းပဲ။ တဝက်လောက်က အင်္ကျီအောက်မှာ ဖုံးကွယ်နေပေမဲ့ သူ့နေရာကနေ ကြည့်ရင် အရမ်းကို သိသာနေတယ်။
ဝမ်ရိပေါ်ဟာ ခဏလောက် ငေးစိုက်ကြည့်ပြီးတဲ့နောက် သူ့မျက်ဝန်းတွေ အနည်းငယ် လှုပ်ခါသွားခဲ့တယ်။
ရှောင်းကျန့်က အရမ်းပိန်တယ်။ စောစောက သူတို့ ချစ်တင်းနှောနေစဉ်အတွင်း ဒီလူရဲ့ ပိန်ပါးမှုကို သူ ခံစားရမိခဲ့တယ်။ တင်ပါးပေါ်က အသားစိုင်တချို့ကလွဲရင် သူ ထိမိလိုက်သမျှ အရိုးချည်းပဲ။ သူ့ရှေ့က ကားထိုင်ခုံပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ ဒီပိန်ပါးပါးနဲ့ နွမ်းနယ်နေတဲ့လူကို ဝမ်ရိပေါ် ကြည့်နေမိတယ်။ စောစောတုန်းက သူ ပြုမူခဲ့သမျှကို ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား ဆိုတဲ့အပေါ် သူ နည်းနည်းတောင် စိုးရိမ်လာတယ်။
ဝမ်ရိပေါ်ဟာ မျက်လွှာချလို့ သက်ပြင်းဖွဖွ ချလိုက်တယ်။ သူ့အပေါ် အင်္ကျီကို ချွတ်လို့ ရှောင်းကျန့်ကိုယ်ပေါ် ခြုံပေးလိုက်ပြီးနောက် ကားထဲက ထွက်ပြီး ဆေးလိပ် မီးညှိရင်း ကားရှေ့ဖုံးကို မှီရပ်လို့ အဖြူရောင်မီးတွေ ထွန်းညှိထားတဲ့ ဆေးရုံကို ကြည့်နေမိတယ်။ Private ဆေးရုံမို့ ပိုပြီးတော့ တိတ်ဆိတ်တယ်။ ညဘက်ပိုးကောင် အော်သံတွေက ပိုသိသာနေတယ်။ ဝမ်ရိပေါ်ဟာ သူ့မျက်နှာပေါ်က အနည်းငယ် ပင်ပန်းနေတဲ့ အရိပ်အယောင်တွေနဲ့အတူ မီးခိုးငွေ့ဖြူဖြူတွေကို မှုတ်ထုတ်လိုက်တယ်။
YOU ARE READING
Human Nature is Evil ||Completed||
Fanfiction"မုန်တိုင်းနဲ့ ဆုံခဲ့ပေမဲ့ မင်းနဲ့တော့ လွဲခဲ့တယ်" - SEAHii_ Myanmar Translation နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါတယ်။