Chapter -6

464 12 0
                                    


U ver

𖡛YOUR SHADOW𖡛

“ ဟဲ့…နင့်ဆီကိုမာန်ဖုန်းဆက်သေးလား ”

“ မဆက်ဘူး…ငါဆက်တော့လည်းမကိုင်ဘူး ”

“ အေးဟ…ငါရောပဲ တစ်ခုခုဖြစ်နေလို့များလားနော် ”

“ နင်ကလည်းဟာ အတွေးလွန်နေပြန်ပြီ…မာန်ကဘာမှမဖြစ်နိုင်လောက်ပါဘူးဟ ”

“ အေးပါ…ငါအတွေးလွန်သွားတာပဲဖြစ်နိုင်ပါတယ် ”

ဧည့်ခန်းတစ်ခုထဲတွင်ထိုင်ကာစကားပြောနေကြသောလူနှစ်ယောက်မှာတော့တစ်စုံတစ်ယောက်ကိုအရမ်းစိတ်ပူနေပါသော်လည်းပဲ တစ်ယောက်နဲ့တစ်ယောက်အရမ်းကြီးမစိုးရိမ်စေရန်နှစ်သိမ့်စကားတို့ဖြင့်ဖားထေးပေးနေလေတော့သည်

“ ကဲ…ကလေးတွေ ဒီမှာမေမေမုန့်ယူလာတယ် လာစား ”

“ ဟီးဟီးး မေမေ ဘာမုန့်‌တွေလဲ ”

“ ဪ…ဆန်မုန့်ကိုနို့ဆိမ်းလေးဆမ်း အုန်းဆံလေးဖြူးပြီးလုပ်လာတယ် ”

{ မြန်မာမုန့်တွေကိုသိပ်မသိဘူးရယ် နာမ်မည်ဆိုပိုလို့တောင်မသိသေး ဒါကြောင့်ရေးတတ်သလိုလေးပဲရေးလိုက်တယ်။ဘာမုန့်လဲ ဆိုတာတော့ ရှင်းလည်းမသိဘူးရယ် သိရင်လည်းပြောပြပေးပါဦးနော်🥰🥰 }

“ ဝါးးး စားချင်စရာကြီး ”

နို့ဆိမ်းဆမ်းထားတာကြောင့်ဆန်မုန့်မှာနို့ဆိမ်းထဲအနည်းငယ်နစ်နေပြီးအပေါ်ကနေဖြူဖြူဖွေးဖွေးအုန်းဆံလေးတွေကိုဂျစ်နဲ့ခြစ်ကာဖြူးထားပြီး ပန်းကန်လုံးထဲထည့်ထားပုံမှာစားချင်စဖွယ်အတိပင်

သူ့ခမျာကြည့်နေရင်းပင် အုန်းဆံနဲ့နို့ဆိမ်းနံ့သင်းသင်းလေးကနှာခေါင်းဝကိုလာရောက်ကြည်စယ်နေခြင်းကြောင့် ‌သွားရည်မကျမိအောင်မနဲထိန်းထားရပေသည်။ဘေးနားက မိပိုးကိုကြည့်လိုက်တော့လည်းသူ့နည်းတူ တလဲ့လဲ့တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ဆန်မုန့်ပန်ကန်ကိုမလွတ်တမ်းကြည့်လို့နေလေသည်

“ ကြည့်ပဲကြည့်နေတော့မှာလား ကလေးတွေ မစားကြတော့ဘူးလား ”

“ စားမှာ စားမှာ ဟီးဟီးး ”²

“ အဟင်း ဟင်း… ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now