Extra -2

204 4 0
                                    


U ver

𖡛YOUR SHADOW𖡛


“ ဟာ…မာန်ကလည်း ငြိမ်ငြိမ်နေလေကွာ…ငါအရမ်းအိပ်ချင်နေပြီ…ဒါကြောင့် မင်းလည်းအိပ်တော့ ”

သူ့အားခွကာဖက်ထားရင်းဖြင့်ပြောလာတဲ့ ရာဇ

“ ကျစ်…ဖယ်ပါကွာ ငါ့တစ်ကိုယ်လုံးညစ်ပတ်နံစော်နေတာကို…ရေချိုးဦးမှာ ပြီးမှအိပ်မှာ ဖယ်ပေး ”

“ ဟင်…ဘယ်မှာနံစော်နေလို့လဲ…မင်းရဲ့ကိုယ်သင်းနံ့လေးကဒီလောင်မွှေးနေတာကို…လန်းဆန်းတဲ့လီမွန်ရနံ့လေး ”

သူ့အပြောကြောင့် လည်ပင်းတစ်ဝိုက်သို့ခေါင်းအပ်ကာဖြင့်နှာခေါင်းတစ်ရှုံ့ရှုံ့နဲ့အနံ့ခံနေတဲ့ရာဇကြောင့် သူ့မှာကြက်သီးတွေထလာရကာ နှလုံးခုန်နှုန်းတို့ကမြန်ဆန်လာရသည်

“ အားး…ဒီနှာဘူးကောင်ကတော့ ဖယ်ဆိုရင်ဖယ်လိုက်တော့လေ စကားကရှည်နေသေးတယ် ”

“ အဟက်…ဟုတ်ပါပြီဗျာ…ဟုတ်ပါပြီ ”

“ ဟမ့်…ဘယ်လိုကောင်မှန်းမသိဘူး ”

သူ့အားမ‌ကျေမနပ်နှင့် မျက်စောင်းလေးတစ်ထိုးထိုးဖြင့် ပါးစပ်မှလည်းပွစိပွစိရွတ်ကာရေချိုးခန်းထဲကိုဝင်သွားတဲ့ သူကိုကြည့်ကာ သူရယ်မောနေမိတယ်

“ မာန်ရာ…မင်းကတော့လေ…မင်းအခုလိုလုပ်နေတဲ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာကို မသိလေသလား…ကလေးလေးကျနေရောပဲကွာ…ဟူးးးး…ကိုယ့်ကိုသိပ်ကိုပြုစားနိုင်လွန်တယ်မာန်ရယ် ”

အရမ်းတွေချစ်ဖို့ကောင်းနေတဲ့ မာန်ကတော့ သူ့စကားတွေကိုမကြားနိုင်စွာဖြင့် ရေချိုးခန်းထဲတွင်အလုပ်ရှုပ်လို့နေတော့သည်

::::::::::!!!::::::::::::!!!:::::::::::::::

ကျောင်းသွားရမှာဖြစ်ပေမယ့်လို့ သူအားလုံးပြင်ဆင်ပြီးချိန်ထိတောင်မနိုးသေးတဲ့ချစ်ရသူအိပ်ပုတ်လေးအားနှိုးရန်အတွက် အပေါ်ထပ်ကသူ့အခန်းရှိရာဆီကို တက်လာလိုက်ပြီး အခန်းထဲဝင်လာလိုက်တော့မြင်လိုက်ရသည်က သူ့ရဲ့တီရှပ်အဖြူရောင်ကိုဝတ်ထားတာကြောင့် အင်္ကျီကပေါင်လယ်နားလောက်ထိရောက်နေပြီး ပေါင်လယ်မရှိတရှိလောက်ထိသာရှိသောပိုးသားဘောင်ဘီတိုအနီရောင်လေးကိုသာအောက်ခံအဖြစ်ဝတ်ထားတာကြောင့် ဖြူဖွေးနေသည့် ပေါင်တံသွယ်သွယ်လေးနဲ့ခြေတလုံးဖွေးဖွေးတို့ကအထင်းသာပေါ်လို့နေတဲ့ချစ်ရသူလေးမှာတော့ ဖက်လုံးအားခွကာအိပ်‌လို့နေသည့်ပုံစံလေးမှာ သူ့ရဲ့မြင်ကွင်းထဲမှာတော့ အလွန်ကိုမှချစ်စရာကောင်းလှပေသည်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now