U ver
𖡛YOUR SHADOW𖡛
“ အင်းးး… ”
“ သတိရလာပြီလား… ”
ဆိုဖာပေါ်မှာသတိလစ်လှဲလျှောင်းနေတဲ့ကောင်လေးဆီမှလှုပ်ရှားမှုတချို့ရှိလာပြီးမျက်ဝန်းအစုံကိုဖြေးညှင်းစွာဖွင့်လာတာကြောင့် သူမေးလိုက်တယ်
“ ဘယ်လိုနေသေးလဲ…သက်သာရဲ့လား…ခေါင်းတွေဘာတွေကိုက်နေလား…မူးဝေနေသေးလား…မသက်မသာခံစားနေရလား…အခြား… ”
“ နေ နေပါဦး…ခင်ဗျားကြီးဘယ်လိုတွေဖြစ်နေတာလဲ ”
မျက်လုံးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတာက ဟိုလူကြီးရဲ့စိုးရိမ်နေတဲ့မျက်နှာဖြစ်ပြီး သူ့ကိုအဆက်မပြတ်မေးခွန်းတွေမေးနေတာကြောင့် ခေါင်းတွေတောင်မူးသွားတယ်ရယ်။ဒါကြောင့်သူလည်းဖြတ်ပြီးတားလိုက်တယ်
ဘယ့်နှယ့်အခုမှသတိရလာတဲ့လူကိုအဲ့လောက်မေးခွန်းတွေအများကြီးမေးမှတော့ လူကမူးနောက်လာတော့မယ်ပေါ့
“ ဇွဲ နင်နောက်ဆုံးတော့သတိရလာပြီပေါ့…ငါတို့မှာစိတ်ပူလိုက်ရတာ ”
“ တောင်းပန်ပါတယ်ဟာ နင်တို့ကိုစိတ်ပူစေမိပြီ… ”
“ မဟုတ်တာပဲ ”
“ ဇွဲ…ဘယ်လိုနေသေးလဲ ”
“ သက်သာပါတယ်ကွာ ”
“ အေးပါ…မင်းမလဲကွာ ဒါလေးကိုတောင်ရှော့ရ ရတယ်လို့ ”
“ တော်စမ်းပါမာန်ရာ… ”
“ ဟားးးး… ”×2
“ ငါ့ကိုလာလှောင်မနေနဲ့…ငါနေရာမှာမင်းတို့ဆိုရင်လည်းဒီလိုပဲဖြစ်မှာ ”
ကောင်လေးကသူ့ကိုတောင်လှည့်မကြည့်တော့ပဲမာန်တို့နဲ့သာရယ်မောရင်းစကားပြောနေတာကြောင့်စိတ်ထဲမှာသိပ့်တော့အလိုမကျလှ
သို့ပေသည် သူကိုယ်တိုင်ကလည်းကောင်လေးအထင်မှားစရာကိစ္စရပ်တို့နဲ့စနောက်ထားပြီးရန်စထားပြန်လေတော့ ကောင်လေးကိုစကားပြောဖို့ရာလည်းသိပ်တော့မရဲဝံ့လှပေ
“ စကားပြောချင်နေတယ်မလား…သွားပြောလေ ”
“ တော်စမ်းပါ…မင်းဘာသိလို့လဲ ကောင်လေးကငါ့ကိုအထင်လွဲနေတာကွ ”
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romanceဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...