Chapter -26

184 4 0
                                    




U ver

𖡛YOUR SHADOW𖡛

ကျားပေါက်လေးက မာန်ရဲ့ကူပြောပေးမှုကြောင့် သူ့ကိုခွင့်လွှတ်တယ်လို့ဆိုပေမယ့်လည်း တကယ်တမ်းမှာတော့ ထိုသို့ဟုတ်မနေခဲ့ချေ

သူကလွဲလို့ကျန်တဲ့သူတွေအားလုံးနဲ့ရယ်ရယ်မောမောစကားပေမယ့် သူ့ကိုတော့နည်းနည်းလေးမှလှည့်မကြည့်ပေ။ဒါကြောင့် သူလေးကကိုယ့်ကိုအလုံးစုံခွင့်မလွှတ်သေးဘူးဆိုတာကိုသိတာကြောင့် ဒူးထောက်ကာ သူလေးခွင့်လွှတ်သည်အထိတောင်းပန်နေမိတယ်

သူလေးကလည်းကိုယ့်ကိုတကယ်ခွင့်လွှတ်ကြောင်းပြန်ပြောလာမှပဲ သူလည်းစိတ်သက်သာရာ ရတော့တယ်

“ ‌ကျားပေါက်လေးတို့ကအခုဘယ်မှာနေ နေတာလဲ ”

“ ခင်ဗျားကြီး ကျုပ်ကို အဲ့လိုမခေါ်နဲ့ ”

“ ဟင့်အင်…မင်းလေးစိတ်ဆိုးဒေါသထွက်နေတဲ့အချိန်ဆိုရင် ကျားပေါက်လေးနဲ့တူတယ် ”

“ ခင်ဗျားကြီး မဟုတ်တာမပြောနဲ့ ”

သူ့ကို" ကျားပေါက်လေးနဲ့တူတယ် " လို့ပြောလာတဲ့ သူ့ရှေ့ကလူကြီးကြောင့် ပြန်ပြောလိုက်တယ်

သူ့ရဲ့ဘယ်နားကများကျားပေါက်လေးနဲ့တူနေလို့လဲ…

“ ကိုယ်တကယ်ပြောတာ…ပြီးတော့ ကျားပေါက်လေး လို့ခေါ်ရတာကိုကြိုက်တယ် သဘောကျတယ်… ”

“ ခင်ဗျားကြီး… ”

“ ကျားပေါက်လေး  ကိုယ့်ကိုအဲ့လိုကြီးပဲခေါ်တော့မှာလား ကိုယ့်ကို အခြားဟာလေးပြောင်းခေါ်ပါလားဟင် ”

“ ဘာလို့ခေါ်ရမှာလဲ...အဲ့လိုပဲခေါ်မှာ ”

“ အင်းပါ…မင်းလေးသဘော မင်းလေးကြိုက်သလိုခေါ်…မင်းလေးဘယ်လိုနေနေကိုယ်ကချစ်ပြီးသား ”

“ ဘာဗျ!…ခင် ခင်ဗျားကြီး ဘာ ဘာပြောလိုက်တာလဲ… ”

စကားပြောနေရင်းထဖောက်လာတဲ့လူကြီးက သူ့ကို"အလိုလိုက်"တဲ့မျက်နှာထားနဲ့ပြုံးကာကြည့်နေလေရဲ့

“ အချစ်စကားတွေလေ...ကိုယ်လေ ကျားပေါက်လေးကိုစတွေ့တည်းကချစ်ခဲ့ရတာ…ဒါပေမယ့် ကိုယ့်မှာစေ့စပ်ထားတဲ့သူရှိနေတယ်ဆိုတဲ့အသိကြောင့် ကိုယ်ရူးမတတ်ကိုဖြစ်ခဲ့ရတာ…ဒါပေမဲ့လေ ကိုယ်ချစ်နေရတဲ့သူနဲ့ လက်ထပ်ရမယ့်သူက တစ်ယောက်တည်းဆိုတာကိုသိလိုက်ရချိန်မှာတော့ ကိုယ်အရမ်းကိုပျော်ရွှင်သွားခဲ့ရတာ…ကိုယ့်ကမ္ဘာတစ်ခုလုံးအလင်းရောင်လွှမ်းပြီး သာယာသွားခဲ့ရတာ…အဲ့တုန်းကဆိုဒီကမ္ဘာပေါ်မှာကိုယ့်လောက်ပျော်တဲ့သူရှိမယ်လို့တောင်မထင်ဘူး...  ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now