Chapter -22

264 5 0
                                    

U ver

𖡛YOUR SHADOW𖡛

လွန်ခဲ့သော ၁၉နှစ်ခန့်…

“ ဟဲ့…နွယ်ရေ မပြီးသေးဘူးလား ”

“ ပြီးပြီ ပြီးပြီ နုရေ… ”

အောက်ထပ်မှလှမ်းအော်ကာမေးတဲ့အမေးကိုအပေါ်ထပ်မှရှပ်ပြာရှပ်ပြာနှင့်ပြေးဆင်းလာရင်းဖြေလိုက်တဲဘအသက်နှစ်ဆယ်အရွယ်မိန်းကလေး

“ ဖြေးဖြေးဆင်းလည်းရပါတယ် ဒေါ်ရှပ်ပြာရယ် ”

“ နုကလည်း… ”

ပြောရင်းနဲ့ဧည့်ခန်းအတွင်းဝေ့ဝဲကြည့်လိုက်မိတော့သိပ်အလိုမကျလှ

“ မာန်နဲ့အခြားသူတွေမရောက်သေးဘူးလား ”

“ အေးဟ မရောက်ကြသေးဘူး ”

“ ကျောင်းပိတ်ရက်လေးမို့သွားလည်ကြပါမယ်ဆိုတာကိုအခုထိမလာကြသေးဘူး ”

“ နွယ်ရယ်…စူပုပ်မနေပါနဲ့တော့ ကျွန်တော်မျိုးတို့ရောက်ပါပြီဗျာ… ”

တံခါးဝမှာရပ်၍ဆိုလိုက်တဲ့ဓနမာန်

“ ဟွန့်…အခြားသူတွေကော ”

“ ဟိုမှာလေ စောင့်နေကြတယ်… ”

သူမရဲ့အမေးကိုခြံထဲကိုကြည့်ပြီးမေးဆက်ပြကာဆိုလာလေတဲ့မာန်

“ လူလည်းစုံပြီဆိုတော့သွားကြတာပေါ့… ”

ဆို‌ကာသူမတို့သူငယ်ချင်းတစ်စုလဲအစီစဉ်အတိုင်းလျှောက်လည်ကြရန်ထွက်လာခဲ့ကြတယ်

သူမတို့ကသူငယ်ချင်းခြောက်ယောက်ရှိတယ်။ကျောင်းနေဘက်သူငယ်ချင်းတွေပေါ့ ။အခုသက္ကသိုလ်ကိုရောက်ကြပြန်တော့လဲမေဂျာမတူပေမယ့် တက်တဲ့သက္ကသိုလ်ကတော့အတူတူသာဖြစ်လေသည်

သူမကနွယ်ဒါလီ၊သူမအပြင်နောက်ထပ်ငါးယောက်ကတော့ ဓနမာန်၊ပန်းနု၊ဝါဆိုမိုး၊ဟန်မင်းဆက်၊ခန့်သော်

အင်း ပြောရမယ်ဆိုရင် သူမနဲ့မာန်ကမေဂျာအတူတူပဲ ကျန်တဲ့လေးယောက်ကတော့ နုနဲ့မိုးကတစ်မေဂျာ၊ဟန်နဲ့ခန့်နဲ့ကတစ်မေဂျာဆိုပါတော့

အထူးသဖြင့် သူမနဲ့မာန်ကလွဲရင် ကျန်တဲ့လေးယောက်က အတွဲတွေပင် နုနဲ့ဟန်ကတစ်တွဲ ၊မိုးနဲ့ခန့်ကတစ်တွဲပေါ့။အားလုံးကလည်းအတိုင်းအဝိုင်းကြီးတဲ့အာဏာရှိမိသားစုတွေထဲကသားသမီးတွေပါပဲ အထူးသဖြင့် မာန်ပေါ့ မာန်ရဲ့အဖိုးက သမ္မတတစ်ဦးဖြစ်ပြီး မာန်ကသမ္မတနေရာကိုဆက်ခံမယ့်သူဖြစ်သည်။သူမကတော့ဝန်ကြီးချုပ်ရဲ့တစ်ဦးတည်းသောသမီးပေါ့။နုကပညာရေးဝန်ကြီးချုပ်ရဲ့သမီးဖြစ်ပြီး မိုးကတော့ဒုဝန်ကြီးချုပ်ရဲ့တတိယသမီးဖြစ်သည်။ဟန်ကတော့သံအမတ်ကြီးရဲ့ဒုတိယသား၊ခန့်ကတော့စစ်ဗိုလ်ချုပ်ကြီးရဲ့သားဆိုပေမဲ့ သူ့ရဲ့အဖိုးကတော့အကောက်ခွန်ဝန်ကြီးတစ်ဦးဖြစ်သည်သာ

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now