Chapter -41

197 4 0
                                    

U ver

𖡛YOUR SHADOW𖡛





“ ~~နှုတ်ခမ်းချင်း စည်းချင်းထိုးကြမယ်‌လေ~~ ဘယ်လိုလဲ? ~~ ”

“ … မင်း မင်း မင်းအရှက်မရှိတဲ့ကောင်!!…

သူ့အပြောကြောင့် နားရွက်ဖျားတွေသာမက မျက်နှာတစ်ပြင်လုံးပါနီရဲလာတဲ့ မာန်ဟာ အ‌ထစ်ထစ်‌အငေါ့ငေါ့ဖြင့် ပြောလာသည်

“ အဟက်…ဘာလဲ မလုပ်ရဲဘူးလား… ”

“ မင်း… ”

“ ပထမဦးဆုံးအကြိမ်မှမဟုတ်တာ ဟုတ်တယ်မလား… ”

ပိုလို့တောင်မျက်နှာတို့နီရဲလာတဲ့ သူ့အရှေ့လူကြောင့် ပိုလို့ပင်စနောက်ချင်လာမိသည်သာ

မာန် မင်းပြောင်းလဲသွားတယ်လို့ခံစားမိတယ်…အရင်က ဆိုရင်တည်ငြိမ်အေးချမ်းတလောက် အခုမှ ဘာလို့ ဒီလောက်စွာပြီး ကလေးဆန်လာရတာလဲ…ဒါမှမဟုတ်အရင်တည်းက မင်းရဲ့ပုံစံအမှန်က ဒီလို စွာတေးလန်ပြီး ကလေးဆန်တာလား…

ဟူးး…မရင်းနှီးခဲ့တဲ့ငါတို့နှစ်ယောက်အကြား ဘယ်လိုအရာတွေကများ အခုလိုတွေဖြစ်လာစေခဲ့တာပါလိမ့်

သူ့ကိုအကြာကြီးစိုက်ကြည့်နေတဲ့ ရာဇကြောင့် အနေရခက်လာသလို ရှက်သွေးလည်းကြွယ်မိပါတယ်… ရာဇရှေ့ရောက်ရင် ပြောင်းလဲလာတတ်တဲ့မိမိစိတ်အစဉ်ကြောင့်လည်း မည်သို့မည်ပုံလုပ်ရမည်ကိုမသိတော့…အရင်တည်းက ရာဇအပေါ်ကိုစိတ်ရှိနေခဲ့မိတဲ့သူ့အတွက်တော့ အခုလိုအခြေအနေဟာ သူ့အတွက်တော့ မယုံကြည်နိုင်လောက်အောင်ကို ဖြစ်ရပါတယ်

တကယ်တော့ သူရာဇကိုစတွေ့တဲ့အချိန်တည်းက စိတ်ဝင်းစားခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ကျောင်းမှပြန်တွေ့တော့လည်း သူအတိုင်းမသိကိုဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း သူ့စိတ်သူထိန်းချုပ်နိုင်အောင်လို့ကြိုးစားရင်း ရာဇနဲ့အနေဝေးတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ရာဇနဲ့ပတ်သက်လာတဲ့ဘယ်လိုအရာမျိုးကိုမဆို သူစုံစမ်းတယ် ရှာဖွေခဲ့တယ်။ အဲ့နောက်မှာတော့ သူသိခဲ့ရတာတစ်ခုက ရာဇဟာ နွယ့်အပေါ်ကိုခံစားချက်ရှိနေတယ်ဆိုတာပဲ။အဲ့အချိန်တုန်းက သူပထမဦးဆုံးအကြိမ်အသည်းကွဲခဲ့ရတယ်။ရာဇဟာသူရဲ့အချစ်ဦးလည်းဖြစ်သလို အချစ်ဆုံးလည်းဖြစ်တယ်။ဒါပေမယ့်သူကတော့တိတ်တခိုးလေးဆက်ချစ်နေခဲ့တုန်းပဲ

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now