U ver
𖡛YOUR SHADOW𖡛
“ ဟဲ့…သနားပါတယ် ရှင်းပြခွင့်ပေးလိုက်ပါဟယ်…အပြင်မှာဒူးထောက်နေတာ 2နာရီကျော်လောက်ရှိနေပြီ ”
“ မိပိုး နင့်ပါးစပ်ကိုပိတ်ထားစမ်းပါ… ”
“ ငါ့ပါးစပ်ကိုပိတ်ထားစေချင်ရင် ကိုကြီးဝေယံကိုရှင်းပြခွင့်ပေးလိုက်လေ ”
“ နင်!… ”
ဘာမှဆက်မပြောတော့ပဲ သူ့အလုပ်သူသာဆက်လုပ်လို့နေတဲ့ ဇွဲကိုတလှည့် အပြင်မှာဒူးထောက်နေတဲ့လူကိုတလှည့်ကြည့်ကာခေါင်းအသာခါ၍ သက်ပြင်ချလိုက်မိတယ်
ဒီရက်ပိုင်းအတွင်း ဟိုလူကြီးသူ့ဆီကိုမလာတာကြောင့် စိတ်ချမ်းသာနေမိတယ်။တစ်ချိန်တည်းမှာလည်း ထိုလူကြီးသူ့ဆီကိုမလာတာကြောင့်စိတ်ပူပြီးမျှော်နေမိတယ်ဆိုတာကိုတော့ သူဝင်မခံချင်ပေမယ့်လည်း ထိုအရာသည်အမှန်တရားဖြစ်နေပြန်တော့လည်းဝင်ခံရပေဦးမည်
သူဒီလူကြီးအပေါ်အနည်းငယ်တော့သံယောဇဉ်တွယ်မိပါတယ်။အမြဲတမ်းလိုလို သူ့ရဲ့နားမှာကပ်တွယ်ပြီး အရေမရအဖက်မရစကားတွေကိုပြောနေပေမယ့် ထိုအကြောင်းအရာတွေဟာ သူ့ကိုချစ်ကြောင်းကြိုက်ကြောင်းများသာဖြစ်သည်။ အမြဲတမ်းလည်း သူနဲ့ပတ်သက်လာရင် ကိစ္စသေးသေးလေးကအစ ဂရုတစိုက်နဲ့ရှိပြီး အရာအားလုံးကို ဖြည့်စည်းကာ စောင့်ရှောက်ပေးလေသည်။ဒါပေမယ့်သူကတော့ အဲ့လိုတွေမလုပ်ဖို့ပြောဆိုဆူငေါက်လိုက်ပြီဆိုရင်လည်း မျက်နှာငယ်လေးနဲ့ ငြိမ်ငြိမ်လေးထိုင်ကာသူလုပ်သမျှကိုမျက်စိဒေါက်ထောက်ကာကြည့်နေတတ်ပါသေးတယ်။ထိုအချိန်တွေများမှာဆိုရင် သူ မကြာခဏ ခိုးကာရယ်ခဲ့မိပါတယ်
ဘာကြောင့်ဆို ထိုလူကြီးရဲ့ပုံစံမှာ အသနားခံနေတဲ့ ခွေးပေါက်လေးနဲ့တူနေလို့ဖြစ်တယ်
ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကစပြီး ထိုလူကြီး သူ့ဆီကိုရောက်မလာတော့သလို ဖုန်းလည်းမဆက်လာတော့တာကြောင့် သူစိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရတယ်။ပြီးတော့ ထိုလူကြီး တစ်ခုခုဖြစ်မှာကိုလည်းစိုးရိမ်နေမိတယ်။ဒီလူကြီး သူ့ကိုမချစ်တော့လို့လား ဆိုတဲ့ အတွေးတွေဝင်လာမိတော့ အလိုလိုဝမ်းနည်းစိတ်တို့ကကြီးစိုးလာရပြီး ရင်ဘတ်တစ်နေရာကလည်းအောင့်သက်သက်နဲ့ခံစားလိုက်ရတယ်
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romanceဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...