Chapter -11

375 12 0
                                    

U ver

𖡛YOUR SHADOW𖡛

ကောင်လေးကိုကြည့်ရင်း အတိတ်ကအကြောင်းအရာတချို့ကိုပြန်သတိရမိသွားတဲ့အတွက် စိုက်ကြည့်နေသလိုဖြစ်သွားတာကြောင့် အသိပြန်ဝင်ချိန်ကျကောင်လေးကအနေရခက်နေတဲ့ပုံပေ။ သူလည်းရင်ထဲလှိုက်တက်လာတဲ့ဝမ်းနည်းစိတ်တို့နဲ့အတူ ဝေ့ဝဲတက်လာတဲ့မျက်‌ရည်တို့ကြောင့်ထိုနေရာကနေအမြန်ထွက်လာခဲ့လိုက်တယ်

“ မင်းကိုယ့်အပေါ်ကိုရက်စက်ခဲ့ပေမဲ့…အခုချိန်ထိမင်းကိုမမေ့နိုင်သေးတဲ့အပြင်…မုန်းတီးဖို့ကို‌ပါကိုယ်ခွင့်မပြုနိုင်ခဲ့ဘူး ”

ဆုံလည်ထိုင်ခုံပေါ်မှာထိုင်ကာ မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်မိုးထားရင်းအတားအဆီးမရှိကျဆင်းနေတဲ့မျက်ရည်စက်တို့ကိုသူ မသုတ်မိ။ သုတ်ဖို့အတွက်လည်းစိတ်ကူးမရှိပါ။လွတ်လွတ်လပ်လပ်ပဲကျဆင်းခွင့်ပေးထားလိုက်တယ်

နောက်တော့ အံဆွဲထဲကအရာတစ်ခုကိုထုတ်ယူလိုက်ရင်း ကြေကွဲဝမ်းနည်းစွာ ကြည့်ရင်း

“ ဘာကြောင့်များလဲ…ဘာလိုအကြောင်းကြောင့်များကိုယ့်အပေါ်ကိုရက်စက်နိုင်ရတာလဲ…ကိုယ့်ကို'သိပ်ချစ်ပါတယ်'ဆိုတဲ့မင်းက ကိုယ်မဟုတ်တဲ့အ‌ခြားတစ်ယောက်နဲ့လက်ထပ်ပြီး မာန်လေးကိုတောင်မွေးဖွားခဲ့ကြသေးတယ်…အဟားး ”

တာကျိုးသလိုစီးကျနေတဲ့မျက်ရည်တို့နဲ့အတူနာကျင်စွာလှောင်ရယ်ရင်းပြောနေတဲ့ထိုစကားတို့ဟာ အတိတ်မှာဘယ်လောက်တောင်နာကျင်ခံစားခဲ့ရလို့ ယခုချိန်ထိတိုင်မမေ့ပျောက်နိုင်ပဲနာကျင်နေရသနည်း

“ ၁၈နှစ်…၁၈နှစ်ရှိပြီ မင်းကိုယ့်အနားမှာမရှိတော့တာ…အဲ့ဒီအချိန်တုန်းကကိုယ်သာမင်းအနားရှိနေခဲ့ရင်ရော အခုလိုပဲကိုယ့်ကိုစွန့်ပစ်ပြီးအခြားတစ်‌ယောက်နဲ့လက်ထပ်သွားဦးမှာလား ”

::::::::::::!!!:::::::::::!!!::::::::::::

“ လေးလေး မာန်လေးကိုရှာတွေ့ပြီလား ”

သူ့ရဲ့အမေးကိုသက်ပြင်းရှိုက်ရင်း အသာခေါင်းခါကာပြန်ဖြေလာတဲ့ဦးလေးဖြစ်သူကြောင့် သူကိုယ်တိုင်းလည်းသက်ပြင်ရှိုက်လိုက်မိတယ်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now