U ver
𖡛YOUR SHADOW𖡛
" သိပါပြီ မေမေကလည်း "
📱" ဘာကိုသိတာလဲကိုယ်တော်ချော...ကျုပ်ကတော့်ကိုသတို့သားလောင်းနဲ့သွားတွေ့ခိုင်းတာလေ ဟမ်...အဲ့ဒါကို တော်ကအခုထိမသွားသေးဘူးမလား "
" မေမေကလည်း ကျွန်တော်မှအဲ့အဘိုးကြီးကိုမယူနိုင်တာကြီးကို... "
📱" ဘာအဘိုးကြီးလဲ...ဟိုကအခုမှ ၂၀ကျော်လောက်ပဲရှိပါသေးတယ် "
" ၂၀ကျော်?...မေမေရာ အခုမှအမေ့သားနုနုထွဋ်ထွဋ်လေးကဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ပဲရှိပါသေးတယ်နော်...ဘယ်လိုပဲဖြသ်ဖြစ်သူကအဖိုးကြီးပဲ ဟွန့်... "
📱" တော်! တန်! တိတ်!...ဘာမှလာမပြောနဲ့ ငါကသွားတွေ့ဆိုရင်တွေ့လိုက်ပေါ့ "
" မေမေကလည်း... "
📱" ဘာမေမေကလည်းလဲ...သွားတွေ့ရမယ်...မဟုတ်ရင်တော့ငါနဲ့တွေ့မယ်...ကြားလား... "
" ဟွန့်...သွားတွေ့မယ်...သွားတွေ့လိုက်မယ် "
📱" ပြီးရော...သွားမတွေ့လို့ကတော့နော် ဟင်းဟင်း... "
" သိပါတယ်ဆိုမေမေကလည်း...လူဆိုခြောက်ဖို့ချည်းပဲ "
📱" အမ်မယ်...တော်ကကောကြောက်လို့လား "
" မကြောက်ပါဘူးနော်~~~ "
📱" ဘာကိုတိုးတိုး တိုးတိုးနဲ့ပြောနေတာလဲ...ငါမကြားဘူးထင်နေတာလား "
" ဟဲဟဲ မေမေကလည်းသားက မေမေ့ကိုကြောက်တာပေါ့လို့ မကြောက်ပဲနေမလား ကိုယ့်အမေပဲဟာပဲ ဟာပဲဟာကို "
📱" တော်...အပြောကိုလျော့...ဒါနဲ့နေရပြုရတာကောအဆင်ပြေလား "
" ဟုတ်...နေရထိုင်ရတာအားလုံးအဆင်ပြေပါတယ်...ဘာမှစိတ်မပူနဲ့ "
📱" အေးအေး...ဒါပဲ နင့်အဖေအတွက်ချက်ရပြုတ်ရဦးမယ် "
" ဟွန့်... "
📱" ဘာကိုမကျေမနပ်ဖြစ်ရပြန်တာတုန်း တော်က... "
" ဘာဖြစ်ရမှာလဲ မေမေပေါ့... ဖေဖေနဲ့ယှဉ်ရင်သားကအမြဲဒုတိယပဲလေ "
📱" ဟဲ့...ဒါကတော့ငါက ငါ့ယောင်္ကျားကိုချစ်တာကိုး... "
" ချစ်ပါ ချစ်ပါ မတားပါဘူး...ဟွန့်...ဒါပဲဖုန်းချလိုက်ပြီ "
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Roman d'amourဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...