U ver𖡛YOUR SHADOW𖡛
ညအချိန်ကောင်းကင်ယံ၌ အုံ့မှိုင်းကာဖြင့် ရှိနေသောတိမ်တိုက်လျှံများနဲ့အတူ သည်းကြီးမည်းကြီးရွာသွန်းဖြိုးလို့နေတဲ့ မိုးရေစက်များဟာ မြေပြင်ပေါ်သို့အရှိန်ပြင််းစွာသက်ဆင်းလျက်ရှိလို့နေ၏
ထိုမိုးရေများအကြား ဝမ်းနည်းကြေကွဲစွာဖြင့် ဒူးထောက်ကာဖြင့် ပါးစပ်မှလည်း တစ်စုံတစ်ခုကိုတိုးဖွဖွရေရွတ်လို့နေတဲ့ လူတစ်ယောက်မှာတော့ သည်းကြီးမည်းကြီး ရွာသွန်းလို့နေသည့် မိုးရေစက်များနှင့်အပြိုင် အတားအဆီးမဲ့စွာ တသွင်သွင် စီးကျလို့နေတဲ့မျက်ရည်စက်များဟုယူဆနိုင်သော အနီရောင်သွေးစက်များ ဟာလည်း မိုးရေစက်များနဲ့အတူမြေပြင်ထက်သို့ သက်ဆင်းလို့နေသည်ဖြစ်ရာ ဖြူဖျော့နေသည့်မျက်နှာ၊ပြာနှမ်းနေသည့်နှုတ်ခမ်းတို့နဲ့အတူ အနည်းငယ်တုန်ရင်လို့နေသည့်ခန္ဓာကိုယ်အား မနည်းထိန်းကာ တောင့်ခံလို့နေသည့် ထိုသူမှာ ဝေယံမောင် သာဖြစ်လေသည်
“ ~~ တောင်းပန်ပါတယ်~~ကိုယ်တောင်းပန်ပါတယ်~~ တောင်းပန်ပါတယ် ~~ ”
တိုးလျလှတဲ့အသံလေးဖြင့် "တောင်းပန်ပါတယ်" ဆိုတဲ့စကားကိုသာတဆာဆာပြောနေသည့် ဝေယံမှာ အလွန်ကိုမှနာကျင်နေသည့် နှလုံးသားကြောင့် မျက်ရည်များဟာတသွင်သွင်စီးကျလို့နေခြင်းကြောင့် နောက်ဆုံးမှာတော့ မျက်ရည်တို့အစား သွေးစက်များကအစားထိုးလို့လာရသည်
ထို့အပြင်စူးအောင့်ကာနာကျင်နေတဲ့နှလုံးသားဟာလည်း သေမတတ်ကိုနာကျင်မှုဒဏ်ကိုခံစားလို့နေရသည့်အပြင် မိုးရေများဟာလည်း အလွန်ကိုမှ သည်းထန်စွာရွာသွန်းနေလေတော့ အေးစိမ့်မှု့နှင့်အတူ အချိန်ကြာမြင့်စွာ ဒူးထောက်လို့နေရခြင်းကြောင့်လည်း အားအင်တို့ကကုန်ခံစပြုလို့နေပြီဖြစ်၏
ထိုအဖြစ်ကို hotel တတိယထပ်ရှိ အခန်းမှန်ပြတင်းမှတဆင့်ကြည့်လို့နေသည့်ကောင်လေးတစ်ယောက်လည်းရှိလို့နေလေသည်
“ ကျစ်…ဒီလောက်မိုးရွာနေတဲ့ဟာကို မပြန်သေးဘဲ ဆက်ပြီး ဒူးထောက်နေသေးတယ် ”
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romanceဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...