Extra -4

229 3 0
                                    

U ver

𖡛YOUR SHADOW𖡛


သူ့လက်ထဲကနေရုန်းထွက်သွားတဲ့ မာန်ကြောင့် အလိုမကျစွာနဲ့မျက်မှောင်ကြုတ်လိုက်ပြီး သူ့အရှေ့မှာရှိနေတဲ့ သူရဲ့လက်ကောက်ဝတ်ကိုဆက်ခနဲ့လှမ်းဆွဲလိုက်ပြီး ခန္ဓာကိုယ်နှစ်ခုကိုနီးကပ်စေလိုက်တယ်

" အာ့! "

" ဘယ်သူပြောလဲ!...ကွာရှင်းမယ်လို့! "

သူပြောလိုက်တဲ့စကားကြောင့်မှင်သက်ကာဖြင့် သူ့အားမျက်ဝန်း‌လေးဝိုင်းစက်သွားကာကြည့်လာတဲ့ မာန်

" ကဲ ပြောပါဦး...ကိုယ်က မင်းလေးနဲ့ကွာရှင်းပါမယ်လို့ ပြောမိလို့လား "

" ........ "

သူမေးလိုက်တော့ မျက်ဝန်းဝိုင်းဝိုင်းလေးဖြင့် အသာအရာခေါင်းကိုခါရမ်းလို့အဖြေပြန်ပေးလာတဲ့ သူလေးကြောင့် သဘောကျကာနှစ်ခြိုက်စွာဖြင့်ပြုံးလိုက်မိတယ်

" ဒါဆို ဘာအတွက်ကြောင့် ကွာရှင်းမယ့်ကိစ္စကိုပြောရတာလဲ "

" ဟို...အ အဲ့တာက မင်း မင်း မင်းနဲ့ငါနဲ့က မတော်တဆမှားပြီးလက်ထပ်ခဲ့မိကြတာလေ ပြီးတော့မှကွားရှင်းဖို့လုပ်ပေမယ့် ခြောက်လပြည့်မှကွာရှင်းလို့ရမယ်ဆိုတာကြောင့်ငါတို့ခြောက်လပြည့်အောင်စောင့်နေခဲ့ကြတာမဟုတ်ဘူးလား သန်းဘက်ခါဆိုရင်ပဲ ခြောက်လပြည့်တော့မှာလေ ဒါ‌ ဒါကြောင့် ငါ ငါကပြောတာပါ "

မဝင့်မရဲလေးဖြင့်ပြောနေရင်း နောက်ဆုံးနားကျမှတိမ်ဝင်သွားတဲ့အသံနဲ့အတူ ခေါင်းကိုငုံးကိုင်းလိုက်တာကြောင့် နီးကပ်နေတဲ့ခန္ဓကိုယ်နှစ်ခုကြောင့် သူ့ထပ်အနည်းငယ်အရပ်ပုတဲ့ မာန်မှာ သူ့ရင်ခွင်ထဲမှာရောက်နေသယောင်

အမှန်တိုင်းဝင်ခံရရင် ဒီခြောက်လအတွင်း သူထိုလူသားလေးအပေါ်ကို စိတ်အစုံတို့ယိုင်နဲ့ခဲ့ရပါတယ်

ဒါကြောင့်ပဲ ထိုလူသားလေးအပေါ်ကိုသူငယ်ချင်းထက်ပိုတဲ့ အပြုအမူတွေ ၊အပြောအဆိုတွေနဲ့ အတူတူနေထိုင်ကာ ပြုမူခဲ့သော်လည်း ဒီလူသားလေးကတော့ ထိုအရာတို့အားမသိခဲ့ချေ

အခုလည်း သူနဲ့ကွာရှင်းမယ့်အကြောင်းကိုပြောလာတာကြောင့် သူတကယ်ကိုသဘောမကျစွာနဲ့ ယခုကဲ့သို့ပြုမူမိခဲ့သည်သာ

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now