Chapter -40

209 5 0
                                    


U ver

𖡛YOUR SHADOW𖡛





“ ဘယ်လိုဖြစ်ရတာလဲ ”

“ ရွှတ်…မာန် အီးဟီးးး… ငါ့ကြောင့်ပါ အဟင့် ဟင့်…ငါ့ကြောင့်ဖြစ်ရတာ…အီးဟီးးးး ”

“ မငိုပါနဲ့တော့ ဇွဲရယ်…မကြာခင်သတိပြန်ရလာမှာပါ ”

ညနက်အချိန်ကြီး ပိုးဖုန်းခေါ်တာကြောင့် ကိုင်လိုက်တဲ့အချိန် ကိုကြီးဝေယံဆေးရုံရောက်နေတယ်ဆိုတာကိုသိလိုက်ရတာကြောင့် သူတို့တွေချက်ခြင်းရောက်လာကြခြင်းဖြစ်တယ်

သူတို့ရောက်တော့ လူနာစောင့်ခုံမှာထိုင်ပြီး ငိုနေတဲ့ ဇွဲနဲ့ပိုးကိုတွေ့တာကြောင့် မေးလိုက်တော့ သူ့ကိုအတင်းဖက်ကာ ငိုရင်းပြောလာတဲ့ဇွဲကြောင့် နှစ်သိမ့်စကားဆိုလိုက်တယ်

ထို့နောက် သူတို့ရှိရာဆီကိုအလောတကြီးဖြင့်လျှောက်လာနေတဲ့ နန်းစံ

“ ဝေ ဝေယံဘာဖြစ်တာလဲ…ဘယ်လိုဖြစ်ရတာလဲ ”

“ အဟင့်…မမနန်း ရွှတ် ”

“ အင်း… ”

ငိုကာသူမကိုခေါ်လာတဲ့ ပိုးကြောင့် အနားကိုသွားပြီး ဖက်ထားပေးလိုက်မိတယ်

“ ကိုကြီးဝေယံကလေ အင့် ကိုကြီး‌.. ဝေယံက… ”

အစချီကာ ဖြစ်ကြောင်းကုန်စင်ကို ရှိုက်သံတို့နဲ့အတူ ငိုကာပြောပြလာတဲ့ ပိုးရဲ့စကားအဆုံးမှာတော့ အားလုံးလည်းသက်ပြင်းကိုယ်စီရှိုက်လိုက်မိတယ်

“ လူနာရှင်ဗျ…လူနာရှင် ”

တံခါးဖွင့်သံနဲ့အတူ အရေးပေါ်ခန်းထဲမှာထွက်လာတဲ့ ဆရာဝန်မှ ဆိုလိုက်တယ်

သူတို့လည်းအသံလာရကိုကြည့်လိုက်ရင်း

“ ကျွန်… ”

“ သားလေး…ကျွန်မသားလေး အခြေအနေဘယ်လိုရှိလဲဟင်…ကျွန်မသားလေး…ကျွန်မသားလေး… ”

ငိုယိုကာဖြင့်အပြေးတပိုင်းနှင့်သူတို့အနားကိုရောက်လာကာ ဆရာဝန်ရဲ့လက်ကိုအတင်းဆုပ်ကိုင်လို့‌အဆက်မပြတ်မေးနေတဲ့ အမျိုးသမီး နဲ့အတူ ထိုအမျိုးသမီးရဲ့ နောက်မှာ လိုက်ပါလာတော့ အမျိုးသာတစ်ယောက်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now