U ver
𖡛YOUR SHADOW𖡛
" ကိုယ့်ရဲ့...နှလုံးသားကို...ခိုးသွားတဲ့ကောင်လေးနဲ့တူတယ်... "
“ ဗျာ… ”
“ ဟုတ်တယ်…ကြွေရုပ်လေးကကိုယ့်နှလုံးသားကိုခိုးယူသွားတဲ့ကောင်လေးနဲ့တူတာ ”
“ ဟို… ”
“ ကိုယ်တကယ်ပြောတာ ”
“ ဟာ…လူ လူကြီးကလည်း…ဘာ ဘာတွေပြော ပြောနေမှန်းလည်းမသိဘူး ”
သူ့အပြောကြောင့်ရှက်သွေးဖြာကာမျက်နှာတစ်ခုလုံးခရမ်းချဉ်သီးလေးလိုနီးရဲနေတဲ့ကောင်လေးကိုကြည့်ကာသူပြုံးလိုက်မိတယ်
သူ့မှာသူလေးကိုချစ်ရလွန်းလို့ဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူး
အခုတောင်ထစ်ငေါ့စွာစကားဆိုလာတဲ့ကောင်လေးကအတော်ကိုရှက်နေသယောင် နားရွက်ဖျားလေးတွေဆိုနီတာရဲလေးကိုဖြစ်လို့ ခေါင်းကိုလည်းအောက်ကိုငုတ်ကိုင်းထားသေးပါရဲ့
“ အဟက်…ကိုယ့်ရင်ထဲကအချစ်စကားတွေလေကြွေရုပ်လေးရဲ့ ”
“ ……. ”
*ဒီ…ဒီလူကြီး လူကိုဘယ်လိုရှက်အောင်လုပ်ရမလဲဆိုတာကိုအကုန်သိနေတယ်…ဘယ် ဘယ်လိုလူကြီးမှန်းကိုမသိဘူး…မုန်းစရာကြီး…*
ဘာမှပြန်မပြောပဲအရှက်သည်းစွာခေါင်းကိုငုတ်ထားတဲ့ကောင်လေးရယ်ပါ
“ ကြွေရုပ်လေး… ”
ကောင်လေးရဲ့မေးဖျားလေးကိုအသာပင့်ကိုင်လို့ခေါင်းကိုမော့စေကာသူနဲ့အကြည့်ချင်းဆုံစေလိုက်ရင်း
“ ချစ်တယ်…မဟုတ်ဘူး မြတ်နိုးတာ…ကိုယ်မင်းလေးကိုမြတ်နိုးတယ်…စစတွေ့တဲ့နေ့ကတည်းကကိုယ်မင်းလေးကိုချစ်ခဲ့မိတာ…ဒါပေမဲ့အချိန်တွေအကြားကြီးအတူတူရှိနေရချိန်မှာတော့ကိုယ့်ရဲ့မင်းလေးအပေါ်ထားတဲ့အချစ်တွေကပိုပြီးခိုင်မာလာကာစစ်မှန်လာခဲ့တယ်…တဖြေးဖြေးနဲ့မင်းလေးအပေါ်ကိုချစ်တဲ့အချစ်တွေကသာပိုလို့တိုးလာခဲ့ရတယ်…ဒါကြောင့် ချစ်တယ် ကြွေရုပ်လေး ပြီးတော့ အခုနာမ်စားလေးကိုလည်း ကိုယ်မင်းလေးကိုစတွေ့ကတည်းကခေါ်ချင်ခဲ့တာ ဒါပေမဲ့ မင်းလေးစိတ်ဆိုးမှာစိုးတာကြောင့်မခေါ်ခဲ့ပဲ နောက်ပိုင်းအတော်လေးရင်းနှီးလာမှ ကိုယ့်ခွင့်တောင်းပြီးမင်းလေးခွင့်ပြုမှခေါ်ခဲ့တာပါ ”
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romansaဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...