U ver
𖡛YOUR SHADOW𖡛
“ ကိုယ်တော့ရူးတော့မှာပဲငယ်ရယ်…အခုချိန်ထိငယ့်ရဲ့မီးခိုးရောင်မျက်ဝန်းဝိုင်းဝိုင်းလေးတွေကိုမေ့လို့မရဘူးဖြစ်နေတယ် ပြီးတော့ အဲ့ကြောင်တောင်တောင်ပုံစံလေးကိုကောပေါ့…သိပ်ကိုလှရက်နိုင်လွန်းတယ်ငယ်ရယ်… ”
ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတဲ့လူအများရဲ့အကြည့်တွေကိုဂရုမပြုနိုင်ပဲပြုံးလိုက်ရယ်နဲ့ပုံစံအမျိုးမျိုးပြုလုပ်ကာစကားတွေပြောနေတဲ့အိမ်ဂျယ်လ်လင်းရယ်ပါ
လင်းတစ်ယောက်ကတော့အိမ်မှာအတွေးရေယာဉ်ထဲလက်ပစ်ကူးနေတုန်းမောင်ဖြစ်သူရဲ့နှောက်ယှက်တာကိုခံလိုက်ရတာကြောင့်ဖယ်ရိုရီပန်းခြံကိုလာပြီးတစ်ယောက်တည်းစိတ်ကူးယဉ်နေခြင်းသာ အဲ့ဒါကိုအနားကဖြတ်သွားတဲ့လူတစ်ချို့ကကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေခြင်းဖြစ်သည်
::::::::::::::!!!::::::::::::!!!::::::::::::
“ ဟ…ဟ ဟတ်ချိုး! ”
“ နင်နေမကောင်းဘူးလား…ခဏခဏနှာချေနေတာ ”
“ ရွှတ်…မသိပါဘူးဟာ မနေ့ညကနောက်ကျမှရေချိုးမိလို့အအေးမိသွားတာထင်…ဟတ်ချိုး…ထင်တယ် ရွှတ်… ”
သူ့ရဲ့စကားကိုပြန်ဖြေနေရင်းတောင်နှာချေနေတဲ့အပြင်နှာတစ်ရှုံ့ ရှုံ့နဲ့ပါဖြစ်နေလေတဲ့နန်းစံ
“ နင်ကလည်းဟာတစ်ကိုယ်တည်းနေတယ်ဆိုရင်လည်းကိုယ့်ကိုကိုယ်တော့ဂရုစိုက်ဦးမှပေါ့ဟ ”
“ အေးပါဟယ်…အခုဟာကလည်းအခန့်မသင့်လို့ဖြစ်သွားတာနေမှာပါ ”
“ ဟင်းး…အေးပေါ့လေ ဂရုစိုက်မယ့်သူမှမရှိတာနင်ကတစ်ကိုယ်တီးအပျိုးကြီးဘဝဆိုတော့လည်း ”
“ ဘာ! သူတောင်းစား!… ”
“ ဟားးး… ”
“ ဟက်…နင်တောင်ရှိလို့လား… ”
ခနဲ့သလိုမျိုးရယ်လိုက်ပြီးသူ့ကိုပြောကာမျက်ခုံးတစ်ချက်ပင့်လို့တစ်ခြမ်းစောင်းခနဲ့တဲ့တဲ့အပြုံးနဲ့ပြုံးကာကြည့်နေတဲ့နန်းစံ
“ ဒါကတော့…ငါကမလိုချင်လို့ပါနော်…ဝိုင်းဝိုင်းလည်နေတာများခါချနေရတယ် ”
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romanceဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...