Chapter -52

215 4 0
                                    


U ver


𖡛YOUR SHADOW𖡛



“ ဘ ဘယ်လို!… ”

“ ဟုတ်တယ်…သားလေးက မင်းနဲ့နွယ်ရဲ့သားလေး…မင်းထွက်သွားပြီးတစ်ပတ်အကြာမှာငါတို့သိလိုက်ရတာက နွယ့်မှာမင်းနဲ့ရတဲ့ ရင်သွေးလေးကိုလွယ်ထားရမှန်း အစကငါတို့မင်းကိုဆက်သွယ်ပြီးလိုက်ရှာကြသေးတယ် ဒါပေမယ့်မင်းဆီကဘာသတင်းမှလည်းမကြားသလို ပြန်လည်းရောက်မလာခဲ့ဘူးလေ…ဒါကြောင့် ငါတို့မိဘတွေနဲ့တိုင်ပင်ပြီး နွယ့်ကိုငါကပဲတာဝန်ယူစောင့်ရှောက်ပေးခဲ့တာ…တစ်နေ့နေ့မင်းပြန်လာရင် သေချာရှင်းပြပြီးပြောပြကြမယ်ဆိုတဲ့အတွေးနဲ့ ငါတို့ မင်းကိုစောင့်နေခဲ့ကြတာ ဒါပေမယ့် မင်းရောက်မလာခဲ့ဘူး…နွယ်ကလည်းမင်းစိတ်နဲ့ပဲ ငါတို့ဆီကနေထာဝရထွက်သွားခဲ့တာ…ဒါပေမယ့် ငါသားလေးနဲ့အတူ မင်းကိုဆက်ပြီးစောင့်နေခဲ့တာ  ”

“ မင်း…ငါ့ကိုအစတည်းကဘာလို့မပြောပြခဲ့ရတာလဲ မာန်ရာ…ငါ ငါ… ”

“ အဟင်း…ရာဇ မင်းကငါ့စကားကိုနားထောင်လို့လား…ငါ့ကိုမုန်းတီးနာကျည်းနေတာမလား…အဲ့တာကိုငါကဘာအတွက်ကြောင့်နဲ့ရှင်းပြနေပါတော့ဦးမလဲ…ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးသွားခဲ့ပါပြီ နွယ်လည်းအခြားတစ်ဖက်မှာအေးအေးချမ်းချမ်းအနားယူနေလောက်ပါပြီ ”

“ အဟင့် မာန်… ”

မာန်ရဲ့ရှင်းပြမှုအပြီးမှာတော့ သူယူကျုံးမရစွာဖြင့်ငိုကာ မာန့်အားတင်းကြပ်စွာဖက်ထားလိုက်မိတယ်

“ ရာ ရာဇ… ”

“ တောင်းပန်ပါတယ်…ငါ ငါဒါတွေကိုမသိခဲ့ပဲ မင်းအပေါ်ကို အထင်လွဲမှားပြီးစွပ်စွဲခဲ့မိတယ်… ”

“ မလိုပါဘူး ရာဇရာ…ငါအရာအားလုံးကိုနားလည်ပါတယ်…အခုတော့သွားကြရအောင် ”

“ အင်း…ကျေးဇူးတင်ပါတယ် မာန် ”

အရာရာမှာနားလည်ပေးပြီးသည်းခံခွင့်လွှတ်ပေးနိုင်တဲ့ သူလေးကြောင့် သူ့မှာအားနာရပါတယ်

::::::::::::::!!!:::::::::::::::!!!::::::::::::::

“ ကလေးလေး သတိရလာပါတော့နော်…ကိုယ်ကလေးလေးရဲ့တီတီတာတာစကားသံလေးတွေနဲ့ရင်ခွင်ထဲဝင်ပြီးချွဲတ်တာလေးတွေအရမ်းလွမ်းတယ်…ကလေးလေးတစ်ယောက်လိုစိတ်ဆိုးစိတ်ကောက်တာလေးတွေကိုလည်းသတိရတယ်…ညတိုင်း ညတိုင်းကိုယ့်ရင်ခွင်လေးထဲဝင်ပြီးအိပ်စက်အနားယူတတ်တဲ့ကလေးလေးကိုသတိရတယ်…ညအိပ်ယာဝင်အနမ်းလေးနဲ့အတူ မနက်အိပ်ယာနိုးရင်လည်းပေးတတ်တဲ့နံနက်ခင်းအနမ်းလေးတွေကိုလည်းသတိရတယ်…ကိုယ့်ကိုစနောက်ပြီးတိုင်းထွက်ပြေးသွားတတ်တဲ့ကလေးလေးကိုလွမ်းတယ်… ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now