Chapter -10

426 11 0
                                    


U ver

𖡛YOUR SHADOW𖡛

“ ဒါဆို မာန်ကဒီမှာမရှိဘူးပေါ့နော် ”

“ ဟုတ်တယ် သမီးပိုး ”

“ ဟုတ်ကဲ့ဒါဆိုသမီးတို့သွားတော့မယ် မာန်ဦးဦး ”

“ ကောင်းပါပြီ ဂရုစိုက်သွားကြနော် ”

“ ဟီးဟီးး ဟုတ်ကဲ့ ”

ထွက်သွားတဲ့ကလေးနှစ်ယောက်ကိုကြည့်ပြီး သူပြုံးနေမိတယ်။ဒီကလေးတွေကငယ်ငယ်တည်းကအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့တဲ့ကလေးတွေပဲလေ။အခုတော့အရွယ်ရောက်လာကြပြီ သားလေးနဲ့ကလည်းအရမ်းချစ်ကြတဲ့ငယ်သူငယ်ချင်းတွေ။မိဘချင်းကလည်းကျောင်းတက်တည်းကသူငယ်ချင်းတွေပဲမို့ ကိုယ့်သားသမီးအရင်းလေးတွေလိုထပ်တူမေတ္တာထားပြီးချစ်ပေးခဲ့တဲ့သူလေးတွေဖြစ်တယ်

အခုလည်းသားဆီကိုလာတာဖြစ်ပေမဲ့ သားလေးကအိမ်တော်မှာမရှိပေ။ဘယ်နေရာမှာလဲဆိုတာတော့ သားဖြစ်သူကသူ့ကိုမပြောပြထားသလို သူကလည်းမမေးခဲ့ပေ။အကယ်၍သူသာသားလေးရဲ့တည်နေရာကိုသိပြီးသွားခဲ့ရင်ပိုပြီးအန္တရာယ်ရှိ‌နိုင်ပေသည်မလား

သူတို့ရောက် ရောက်ချင်းမာန်ရဲ့အိမ်ကိုတန်းပြီးလာခဲ့ကြပေမယ့် မာန်ကအိမ်မှာရှိမနေတဲ့အပြင် အသက်အန္တရယ်ကျရောက်နေတာကြောင့်ပုန်းရှောင်‌နေရတယ်လို့ မာန်ဦးဦး ကပြောလာကာ သူကိုယ်တိုင်းဘယ်မှာရှိနေလည်းဆိုတာကိုမသိဘူးတဲ့လေ

“ တော်သေးတာပေါ့…အခုအန္တရယ်ကင်းဘေးရှင်းနေလို့ ”

“ အင်း…ဒါကြောင့်အဆက်အသွယ်မရခဲ့တာကိုး ”

“ အေး…ငါမာန်နဲ့တွေ့ချင်တယ်ဟာ ”

“ ငါလည်းအတူတူပါပဲဟာ…ဒါပေမဲ့ဘယ်မှာရှိလဲဆိုတာ မာန်ဦးဦးတောင်မသိဘူးတဲ့လေ ”

“ ဒါတော့လည်းဒါပေါ့ ဇွဲရယ် ဒါပေမယ့်လည်း… ”

“ ငါသိပါတယ် မိပိုးရယ် ‌မာန်လည်းငါတို့ကိုဆက်သွယ်လာမှာပါ…အရမ်းကြီးစိတ်မပူတော့ဖို့မာန်ဦးဦးလည်းပြောထားတယ်မလား ”

“ အေးပါ…ငါတို့ hotelကိုသွားရအောင် ခရီးလည်းပန်းလာတယ်မလား ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now