Chapter -20

285 12 2
                                    


U ver

𖡛YOUR SHADOW𖡛

ဘုန်း!!!

“ မသာ…ငါကလိုက်ရှာနေတာ သင်းကဒီရောက်နေတယ် ”

“ အာ့…နာတယ်ဟ…သူ့အသားမဟုတ်တိုင်း ”

အနောက်ကနေရုတ်တရပ်‌ရောက်လာပြီးနောက်ကျောကိုအားနဲ့အသံမြည်အောင်ရိုက်ချလိုက်တဲ့မိနန်ရယ်ပါ

တကယ်ပဲ…သူ့အသားမဟုတ်တိုင်းလူကိုလာပြီးတော့…

"ဟိုနားခဏ" ဆိုပြီးတော်တော်နဲ့ပေါ်မလာတဲ့ဝေယံကြောင့် ‌လိုက်ရှာလိုက်တော့တွေ့ပါပြီ သူ့ကိုကျောပေးပြီးရပ်နေတဲ့ သကောင့်သား

သူလည်းအနားကိုသွားလိုက်ပြီး နောက်ကျောကိုအားနဲ့ရိုက်ပြီးပြောလိုက်တော့ ရှုံ့မဲ့နေတဲ့မျက်နှာနဲ့သူမကိုလှည့်ကြည့်လာပြီး စူပုပ်ပုပ်နဲ့ပြန်ပြောလာလေရဲ့

သူမလည်းဘေးကိုကြည့်လိုက်မိတော့မှ အဂ္ဂနဲ့မာန်ကိုတွေ့တယ်။ပြီးတော့မာန်နဲ့စကားပြောနေတဲ့လူနှစ်ယောက်

သူမဒီနှစ်ယောက်ကိုတစ်နေရာ ရာမှာမြင်ဖူးနေသလိုပဲ

သူမလည်းဘေးကဝေယံကိုလက်တို့ပြီးမေးဖို့လုပ်လိုက်တယ်

“ ဟဲ့…နင်သူတို့ကိုမြင်ဖူးတယ်လို့မခံစားရဘူးလား ”

“ ဟင်… ”

“ အာ…ငါမှတ်မိပြီ…သူတို့က နင်နဲ့ပြဿာနာတက်ခဲ့တဲ့နှစ်ယောက်မလား…ဘာလဲ နင့်ကိုမကျေနပ်လို့လာရိုက်တာလား ”

နန်းစံရဲ့အပြောကြောင့်သူသတွေးအသာမြိုချလိုက်မိတယ်

တကယ်လို့အဲ့ကိစ္စကြောင့်သူ့ကို"လက်မထပ်တော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ" ဆိုတဲ့အတွေကခေါင်းကိုဝင်လာတဲ့အချိန်မှာတော့ ခေါင်းတည့်တည့်မိုးကြိုးပစ်ချလိုက်သလိုပဲ

အမလေး…ဘုရား ဘုရား…အဲ့လိုမဖြစ်ပါနေနဲ့…

“ ပါးစပ်ပိတ်ထားစမ်းပါ…လျှာကိုရှည်တယ် ”

“ ဟားးး…ကြောက်နေတာလား ”

“ ဘာ ဘာကိုကြောက်ရမှာလဲ…ကြောက်စရာလား ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now