Chapter -50

223 5 0
                                    

U ver

𖡛YOUR SHADOW𖡛

ရုတ်တရပ်ဆန်တဲ့အဖြစ်အကြောင့် ခုခံချိန်တောင်မရလိုက်ပဲ တစ်ဖက်လူရဲ့ချုပ်နှောင်ထားခြင်းကိုခံလိုက်ရသည်သာ

အဂ္ဂတစ်ယောက် ကြိုးတွေကိုဖြတ်ပြီးသော်လည်းသတိမထားမိအောင်နေနေလိုက်ပြီး သူတို့ပြောတာကိုငြိမ်ကာနားထောင်နေလိုက်တယ်။သိပ်မကြာပါဘူး ဦးလေးဖြစ်သူနဲ့ အန်ကယ်မာန်တို့ရောက်လာပြီး မင်းနေခနဲ့စကားပြောနေတာကြောင့် သူတို့ကိုသတိမထားမိတာကိုအခွင့်ကောင်းယူကာ ကြွေရုပ်လေးရဲ့နားကိုတိုးကပ်ပြီး လက်ကကြိုးတွေကို‌ဖြေပေးလိုက်တယ်

အဲ့နောက်မှာတော့ သူ့ခန္ဓာကိုယ်မှာဖွက်ထားတဲ့ဓားမြှောင်အသေးစားလေးကိုထုတ်ယူလိုက်ပြီး အခွင့်ကောင်းကိုစောင့်ကာ မင်းနေခကိုချုပ်လိုက်ပြီး လည်ပင်းကိုဓားနဲ့ထောက်ကာ ခြိမ်းခြောက်လိုက်ပြီး ချစ်ရသူလေးဖက်ကိုလှည့်၍ ဦးလေးဖြစ်သူတို့နားကိုသွားဖို့ပြောတော့ သူ့အပြောအတိုင်းထွက်သွားတဲ့ ကလေး

“ ရှင် ရှင်ဘာလုပ်တာလဲ!?…ကို့ကိုလွှတ်လိုက်! ”

“ အချစ် စိတ်မပူပါနဲ့ ကိုယ်ဘာမှမဖြစ်ဘူး‌… ”

သူအချုပ်ခံထားရတာကြောင့် တစ်ခုခုဖြစ်မှာကိုစိုးရိမ်ကာပြောနေတဲ့ချစ်ရသူလေးကြောင့် စိတ်မပူစေရန်ပြောလိုက်ပြီး နူးညံ့စွာပြုံးပြလိုက်တယ်

ဟူးးး…သူမလေးကိုစိတ်ပူစေမိပြီ

“ ဖေဖေ ”

“ သားလေး…သားလေးဘာမှမဖြစ်ပါဘူးနော်…ဖေဖေ့ကြောင့်ပါ…ဖေဖေ့ကြောင့်ဖြစ်ရတာ တောင်းပန်ပါတယ်… ”

“ မဟုတ်တာပဲ ဖေဖေရယ်…တောင်းပန်စရာမလိုပါဘူး…သားလည်းဘာမှ မှ မဖြစ်တာ…ပြီးတော့ ဒါကအထင်လွဲမှားမှုတစ်ခုပါပဲ…ဖေဖေ့ကြောင့်မဟုတ်ပါဘူး ”

“ ဟုတ်သားပဲ မာန်ရာ…မင်းကြောင့်မှမဟုတ်ပဲ…ဝမ်းနည်းမနေပါကွာ…မင်းဝမ်းနည်းနေတော့ ကိုယ့်နှလုံးသားကနာကျင်လာတယ် ”

“ ဒီ!…ရာဇ အခုကနောက်ရမဲ့အချိန်မဟုတ်ဘူးနော် ”

“ ဟဲဟဲ…အခုမင်းအဆင်ပြေသွားပြီမလား ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now