Chapter -31

201 3 0
                                    





U ver

𖡛YOUR SHADOW𖡛

" အာ့...ကျွတ်ကျွတ် ကျွတ်...ရာဇ မင်းအရမ်းလေးတာပဲ "

ကုတင်ပေါ်ကိုဦးထွဋ်ခေါင်ကိုတင်ပေးလိုက်ပြီး မူးပြီးအိပ်ပျော်နေတဲ့ကုတင်ပေါ်ကလူကိုကြည့်ကာခါးကိုကိုင်ပြီးပြောလိုက်တဲ့ ဦးဓနမာန်

" နွယ်ရေ~~မင်းအရမ်းရက်စက်တာပဲ~ "

ဆိုကာ ထထိုင်လိုက်တဲ့ဦးထွဋ်ခေါင်ဟာ မျက်လုံးများကိုတောင်မှိတ်ထားစဲရယ်သာ

" အဟက်...မင်းနွယ့်ကိုချစ်တယ်ဆိုရင်လည်း ဘာကြောင့်များ ထားခဲ့ရတာလဲကွာ...မင်းသိရဲ့လား နွယ်ကမင်းကိုငါရယ် သားလေးရယ်နဲ့အတူတူစောင့်နေခဲ့တာ "

" ~~အွန်း~~ "

သူ့အပြောကိုနားလည်သလိုလိုနဲ့ပြန်ဖြေလာတဲ့ ရာဇဟာ နိုးတစ်ဝက် မနိုးတစ်ဝက်နှင့်သာ

" ဟူးးး...ရာဇ မင်းအိပ်လိုက်တော့... "

ပြောရင်းဆိုရင်း ရာဇနားကပ်ကာ အိပ်ရာပေါ်မှာ လှဲဖို့ကူညီဖို့လုပ်လိုက်သော်လည်း

" နွယ်...ကိုယ့်ဆီကိုပြန်လာတာလားဟင်... "

" ကျစ်...ရာဇ ငါ့ကိုလွှတ်စမ်း "

" နွယ် ကိုယ်လေးမင်းကိုအရမ်းသတိရတာပဲ သိလား... "

" ဟျောင့် ရာဇ ငါ့ကိုလွှတ်...ငါကနွယ်မဟုတ်ဘူးကွ "

သူ့ကိုနွယ်အထင်နဲ့အတင်းအကျပ်ဖက်ထားတာကြောင့် ရုန်းကာ လွှတ်ပေးဖို့ပြောပေမယ့်လည်း အချီးနည်းသာ

*ကျစ်...ဒီကောင်ဘာလို့အဲ့လောက်တောင်အားသန်နေရတာလဲ...*

" ဟွန့်...နွယ်ကအခုတော့ ကိုယ်ကို 'ကို' လို့တောင်မခေါ်ချင်တော့ဘူးပေါ့ "

" ဒီကောင်ကတော့...ငါဓနမာန်ဟ ဓနမာန်...နွယ်မဟုတ်ဘူးကွ "

" အဲ့ဒီ ဂျင်းကောင် အကြောင်းမပြောနဲ့...ကိုယ်ကနွယ့်မျက်နှာကြောင့်လွှတ်ထားတာ မဟုတ်ရင် ကိုယ် သူ့ကိုတစ်ခုခုလုပ်ပစ်ပြီးပြီ... "

သူ့ကို "ဂျင်းကောင်" လို့ပြောလာတဲ့ ရာဇဟာအတော်ကိုမုန်းတီးနေသလိုပေ

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now