Chapter -27

203 4 0
                                    







U ver

𖡛YOUR SHADOW𖡛

“ ဘာတွေစိတ်အလိုမကျဖြစ်နေတာလဲ… ”

ထွက်သွားတဲ့လူတွေကိုစိတ်တိုစွာနဲ့ပြောနေမိတုန်းအနောက်မှာအသံကြားတာကြောင့်လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတာက

“ ဟင်!… ”

“ ထပ်တွေ့ကြပြန်ပြီနော် ”

“ ဟို… ”

သူမကိုပြုံးကာကြည့်နေတဲ့လှပတဲ့မိန်းကလေးကြောင့် အရင်တခါကအကြောင်းကိုပြန်အမှတ်ရမိကာ မျက်နှာတစ်ခုလုံးပူထူလာရတယ်

{ရင်ဘတ်ဖူးစာလေးကိုမှတ်မိကြသေးလား🤭🤭}

*ဘယ်လိုများသူမနဲ့တည့်တည့်တိုးရတာပါလိမ့်*

“ ဟေး...အဆင်ပြေရဲ့လား ”

“ ရှင်…ဟုတ်ဟုတ် ”

“ အဟင်းဟင်း... ”
*ဘယ်လိုလေးလဲကွာ…ချစ်ဖို့ကောင်းအောင်*

သူ့ရှေ့မှာရှိနေတဲ့မိန်းကလေးမှာရယ်လိုက်တာကြောင့် သူမငေးမောမိသွားတယ်။သူမရယ်နေတဲ့ပုံစံကအရမ်းလှတာပဲ

“ ကိုယ့်ကိုကြည့်လို့ဝပြီလား ”

“ ရှင်…ဘယ် ဘယ်သူကကြည့်လို့လဲ ”

“ ဟားးး...ဟုတ်ပါပြီ ဟုတ်ပါပြီ… ”

ဗြောင်ငြင်းနေတဲ့ကောင်မလေးကြောင့် သဘောတကျရယ်ကာ ပြောလိုက်တယ်

သူမအပြောကိုရယ်နေတဲ့ထိုလှပတဲ့မိန်းကလေးကြောင့် သူမမှာပိုလို့တောင်မျက်နှာပူလာရတယ်

သူမရှေ့ကကောင်မလေးရဲ့မျက်နှာမှာပိုလို့ပင်နီရဲလာတာကြောင့် စနောက်ဖို့တွေးထားတဲ့သူမရဲ့အတွေးတွေကိုလေနဲ့အတူလွှင့်မျှောစေလိုက်ရတယ်

မဟုတ်ရင် သူမအစလွန်သွားမှဖြင့် ပြန်ချော့လို့မရဖြစ်သွားဦးမယ် ပြီးတော့ အရှက်လွန်ပြီး သူမနဲ့မတွေ့တော့ပဲရှောင်နေမှဖြင့် ရင်ကျိုးရချည်ရဲ့…

“ တစ်ယောက်တည်းလား ငယ်က ”

“ ရှင်… ”

သူ့ကိုငယ်လို့ခေါ်ကာပြောလာတဲ့သူမကြောင့် ကြောင်အစွာနဲ့ မော့ကြည့်လိုက်မိတယ်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now