ဖေဖော်ဝါရီလ ၁၃ရက်နေ့ တစ်သက်မမေ့နိုင်တဲ့နေ့…
နေတက်ရေတက်ချိန်မှာမွေးဖွားခဲ့လို့ "မောင်ထိန်လင်း" ဟုအမည်တွင်စေခဲ့တဲ့သူရဲကောင်းတစ်ယောက်
ပဲပြုတ်နဲ့နံပြားကိုသာကြိုက်နှစ်သက်လွန်းတဲ့သူတစ်ယောက်
သူ့ကျွန်ဘဝကျရောက်ခဲ့ရတဲ့ပြည်သူတို့အား မလျော့သောဇွဲ၊မကြောက်ရွံ့တဲ့စိတ်နှလုံး၊ရဲရင့်လွန်းတဲ့စိတ်၊မွန်မြတ်လွန်းတဲ့စိတ်ဓာတ်နဲ့သူတစ်ပါးလက်အောက်မှလွတ်မြှောက်နိုင်အောင်ကြိုးပမ်းပေးခဲ့တဲ့ ရဲရင့်တဲ့ခေါင်းဆောင်သခင်ကောင်းတစ်ယောက်
လက်ရုံရည်နှလုံးရည်နဲ့ပြည့်ဝပြီး ဒုက္ခရောက်နေသောတိုင်းသူပြည်သားတစ်ရပ်လုံးအားကယ်တင်ရန် ကောင်းချီးပေးကာ ခေါင်းဆောင်ကောင်းတစ်ဦး အဖြစ်လောကကြီးအတွင်း ရောက်ရှိစေခဲ့တဲ့ ထိုသူရဲ့ မွေးဖွားခဲ့တဲ့ ရက်ဟာ ဖေဖော်ဝါရီလ ၁၃ရက်နေ့တဲ့လေထို့အတူ တစ်ဆက်တည်းမှာပဲ ဇူလိုင်လ ၁၉ရက်နေ့ ထိုသူအားလူ့လောကကြီးထဲမှထာဝရပျောက် ကွယ်သွားစေခဲ့တဲ့နေ့
နောက်ပြီး ထိုသူဦးဆောင်ကာကြိုးပမ်းပေးမှုတို့ကြောင့်ရရှိလာတဲ့ အောင်မြင်ခြင်းရဲ့ရလဒ်ဖြစ်တဲ့ ဇန်နဝါရီလ ၄ရက်နေ့
ဘယ်တော့မှမမေ့နိုင်တဲ့နေ့ရက်လေးတွေပေါ့
လူသေပေမယ့် နာမ်မည်မသေခဲ့တဲ့ ငါတို့အားလုံးရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တစ်နည်းအားဖြင့် သခင်အောင်ဆန်း (ခ) မောင်ထိန်လင်း
ကျေးဇူးကြီးမြတ်လှပါတဲ့ ဗိုလ်ချုပ်ယခုချိန်ထိသာရှိနေသေးရင်သိပ်ကောင်းမယ်…
မဖြစ်နိုင်မှန်းသိပေမယ့်ပေါ့ဗိုလ်ချုပ်ပြောခဲ့သလိုပဲဗျာ…အဟက်
ယခုတော့ဖြင့် ကျုပ်တို့ရဲ့နိုင်ငံကြီးကအဲ့ထက်တောင်ဆိုးနေပြီ
သူတစ်ပါးလက်အောက်မရောက်ပဲ တစ်ချိန်ကသိပ်ကိုအားထားခဲ့ရတဲ့သူတို့ရဲ့လက်ဝါးကြီးအုပ်ပြီးကိုက်တာကိုခံနေရပြီ
ဗိုလ်ချုပ်သာသိရင်လေ ဘယ်လောက်တောင်ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်နေလိုက်မလဲလေ
သူသက်စွန့်ကြိုးပမ်းပေးပြီး ကယ်တင်ခဲ့တဲ့ နိုင်ငံတော်ကြီးမှာ သူမွေးခဲ့တဲ့လူတွေက ခွေးစိတ်ပေါက်ပြီးပြန်ကိုက်လို့ ပျက်စီးလုနည်းပါးဖြစ်နေပြီဆိုတာကို
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romanceဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...