Chapter -13

291 7 0
                                    


U ver

𖡛YOUR SHADOW𖡛

ဘေလ်စဉ်မှာလက်ဆေးကာတစ်သျှူးနဲ့ရေခြောက်အောင်သုတ်နေရင်း မှန်ထဲမှာပေါ်နေတဲ့ကိုယ့်ရဲ့ပုံရိပ်ကိုကြည့်နေမိတယ်

မီးခိုးရောင်မျက်ဝန်းဝိုင်းဝိုင်းလေးတွေရယ်၊သေးသွယ်တဲ့မျက်ခုံးတန်းလေးတွေရယ်၊ဖြောင့်စင်းနေတဲ့နှာတံလေးရယ်၊ရဲရဲစိုနေတဲ့နှင်းဆီရောင်နှုတ်ခမ်းပါးလေးတို့ရယ်နဲ့သေးသွယ်တဲ့မျက်နှာတို့ကလိုက်ဖက်စွာရှိလို့နေပြီးကျော့ရှင်းတဲ့လည်တိုင်ဖွေးဖွေး နောက်…

ဂလု!…

“ အဟမ်း…ငါလေးကတကယ်ကိုလှတာပဲ ဟိဟိ ”

ကိုယ်ဟာကိုယ်ပြောပြီးသဘောတကျရယ်ကာ အပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်။သိပ်ကြာကြာတောင်မလျှောက်လိုက်ရ အကွေ့နားအရောက်တွင်တော့

“ အာ့… ”

တစ်ဖက်ကလာနေတဲ့လူတစ်ယောက်နဲ့ဝင်တိုက်မိသွားရလေ‌တဲ့မိမိရဲ့အဖြစ်ရယ်ပါ

ဒါပေမယ့်ထင်သလောက်အရမ်းကြီးမနာတဲ့အပြင်ထိမိတဲ့နေရာကပျော့ပြောင်းပြီးအိစက်နေတာကြောင့်ကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့မိမိမျက်လုံးရှေ့ကအရာကြောင့်အသက်ကိုအောင့်လိုက်မိတယ်

ဒါ ဒါကြီးက…ဟို ဟိုဒင်း…ငါ ငါတော့သေ သေတော့မယ်နဲ့တူတယ်…

အတွေးနဲ့အတူ မိမိထက်အနည်းငယ်ရှည်နေတဲ့အရပ်နဲ့လူကိုအထိတ်တလန့်မော့ကြည့်မိတော့။မိမိနှင့်တိုက်မိသည့်သူမှာအရမ်းလှတဲ့မိန်းကလေးတစ်ယောက်ဖြစ်လို့နေသည်

ဒါကြောင့် ငါလေးတိုက်မိတဲ့နေရာကမနာသွားရတာကိုး…

တကယ်တော့သူမတိုက်မိသည်ကထိုသူ(မ)ရဲ့ရင်ဘတ်နဲ့ဖြစ်နေခြင်းကြောင့်သာမနာပဲအိစက်နေတဲ့အထိအတွေ့ကိုခံစားရခြင်းဖြစ်သည်

“ ဟေး…အဆင်ပြေရဲ့လား…အရမ်းနာသွားလို့လား ”

“ မ မဟုတ်ပါဘူး…တောင်း တောင်းပန်ပါတယ်…ခွင့် ခွင့်ပြု ပြုပါဦး… ”

“ အယ်…နေ နေ… ”(နေဦးလေ)

မျက်နှာကြီးနီကာအထစ်အထစ်အငေါ့ငေါ့နဲ့သူမရဲ့အမေးကိုပြန်ဖြေပြီးတောင်ပန်ကာထွက်သွားတဲ့ကောင်‌မလေးကြောင့်သူမမှာတားချိန်တောင်မရလိုက်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now