U ver
𖡛YOUR SHADOW𖡛
လွန်ခဲ့သော ၁၈နှစ်ခန့်….
အချိန်တွေကုန်ဆုံးလာလိုက်တာ အခုဆိုရင် ကျောင်းရဲ့နောက်ဆုံးစာမေးပွဲကြီးပြီးလို့ ဘွဲ့တွေတောင်ရလို့ ကိုယ်ပိုင်လုပ်ငန်းကိုယ်စီနဲ့ဖြစ်နေကြပြီဖြစ်ရာ သူတို့ ခုနစ်ယောက်ကတော့ အရင်တိုင်းပဲအဆက်အသွယ်မပြတ် ရှိလို့နေကြသည်။နုနဲ့ဟန်ကတော့ သူတို့မိဘတွေရဲ့သဘောဆန္ဒအတိုင်းလက်ထပ်ပြီးတာနဲ့အင်္ဂလန်မှာပဲအခြေချနေထိုင်နေကြသည်
မိုးနဲ့ခန့်တို့ကလည်း ကိုယ်ပိုင်လုပ်ငန်းကိုယ်စီဖြင့် ချစ်သူရည်းစားအဖြစ်သာနေနေပြီး မာန်ကတော့ အဘိုးဖြစ်သူရဲ့နေရာကိုဆက်ခံရန်အတွက် လေ့လာသင်ယူနေရတာကြောင့်သိပ်ပြီးမအားလပ်သော်လည်း သူတို့အတွက်တော့တကယ်ကိုအချိန်ပေးလေသည်
သူနဲ့ နွယ်ကတော့ အရင်းအတိုင်း ချစ်သူတွေအဖြစ်ရှိနေကြသည်သာ။နွယ်ကလည်းသူဝါသနာပါရာလေးတွေလုပ်နေပြီး သူကတော့ နွယ်နဲ့အမြန်ဆုံးနီးစပ်စေဖို့အလုပ်ကိုကြိုးစားကာငွေရှာလို့နေသည်။သူ့ဘက်ကအားလုံးအဆင်သင့်ဖြစ်တာနဲ့ မိဘတွေကိုပြောပြီးနွယ်နဲ့လက်ထပ်ဖို့စီစဉ်ထားလေသည်။ ချစ်ရသူလေးနဲ့သူငယ်ချင်းတွေအားလုံးကလည်း သဘောတူကာကူညီပေးတတ်ကြသည်။သို့သော် မာန်ကတော့မပါဝင်ခဲ့ချေ
ဘာကြောင့်လည်းဆိုတာကိုတော့သူမသိဘူး။သူနဲ့မာန်ဟာအရင်ကထက်ကိုပိုပြီး အနေဝေးကာသူစိမ်းပိုဆန်လာတယ်လို့ခံစားနေရတယ်
သူအတွေးလွန်နေတုန်းဖုန်းလာတာကြောင့် အတွေးစတို့ပြတ်ကာ ဖုန်းကိုကိုင်လိုက်တယ်
☎️“ ……….. ”
“ အင်း…သိပြီ ”
ဟူးးး…
လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ရင်း အင်္ကျီနက်ခ်တိုင်ကိုလက်ဖြင့်ဆွဲကာဖြေလျော့လိုက်မိတယ်
အခုလည်း ချစ်ရသူလေးကိုထားခဲ့ပြီး ပြည်ပနိုင်ငံကိုအလုပ်ကိစ္စနဲ့ခရီထွက်ရပေဦးမည်။အချိန်ဘယ်လောက်ကြာမလဲဆိုတာကိုသူမသိဘူး
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romantikဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...