U ver
𖡛YOUR SHADOW𖡛
စားလို့သောက်လို့ပြီးသွားတော့ အားလုံးလည်းဧည့်ခန်းမှာထိုင်ကာ ဦးမာန်မှာတော့ ဖြစ်ကြောင်းကုန်စင်ကိုပြောပြလာလေသည်
မာန်ကတော့ ဦးမာန်ရဲ့ခါးကိုသိုင်းဖက်ထားရင်းအလွမ်းသယ်လို့နေသည်သာ
" ဪ...ဒါဆို ဖေဖေနဲ့ ဦးထွဋ်ကသူငယ်ချင်းတွေပေါ့...ဖေဖေ့ကိုဦးထွဋ်ကအတင်းလက်ထပ်ခဲ့တာပေါ့...ပြီးတော့ ဒီမှာလာနေတာပေါ့နော် "
" အဟွန်း...ဒါက... "
မာန်ရဲ့အမေးကြောင့် ဦးထွဋ်ခေါင်မှာ ဘာပြန်ပြောလို့ပြောရမှန်းကိုမသိတော့
တကယ်ဆို သူ မာန်ရဲ့အိမ်မှာလိုက်မနေပဲ မသိလိုက်မသိဘာသာနေလို့ရရဲ့သားနဲ့ သူကမနေပဲ မာန်ရဲ့အိမ်ထိလိုက်လာပြီး စနောက်နေမိသည်သာ
အခုတော့ဖြင့်...ဝူးဝူးဝူးးးး...ငိုချင်စိတ်တွေတောင်ပေါက်လာပြီ...
" ဟို...ဖေဖေ့ကိုပြောစရာရှိတယ်ဆိုတာထက် အသိပေးစရာရှိတယ် "
" အွန်း...ပြောလေ သား "
သူ့ကိုဖက်တွယ်ထားရာမှ ဖယ်ခွာလိုက်ပြီးပြောလာတဲ့သားလေးကြောင့် ပြုံးကာပြောတော့ သားလေးဟာ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ရာဇရဲ့တူအဂ္ဂနဲ့အကြည့်ချင်းဆုံးကာ တစ်ခုခုကိုဆုံးဖြတ်ချက်ချနေသလိုပေ
သူထင်သလိုတော့မဟုတ်ဘူးမလား...
" ဟို... "
" ဒီလိုပါအန်ကယ် ကျွန်တော်နဲ့ တံခွန်နဲ့ချစ်သူတွေဖြစ်နေကြပါပြီ...အဲ့ဒါ ကျွန်တော်တို့ကို သဘောတူပေးပါနော် "
ဖခင်ဖြစ်သူကို ဝန်ခံအသိပေးဖို့ကို တုန့်ဆိုင်းကာ မရဲတရဲလေးဖြစ်နေတာကြောင့် သူကပဲဝင်ပြောလိုက်တယ်။သို့သော်လည်းပဲ သူလည်းစိတ်လှုပ်ရှားနေမိတာတော့အမှန်ပေ
တကယ်လို့သဘောမတူဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့အတွေးကြီးအားထွေးပွေ့ထားမိသည်သာ
" အင်း...ရာဇ မင်းသဘောတူလား "
မဝင့်မရဲလေးဖြစ်နေတဲ့သားဖြစ်သူကိုကြည့်ပြီး သူ့ကိုပြောလာတဲ့ အဂ္ဂရဲ့စကားအဆုံး သူထင်ထားသည့်အတိုင်းဖြစ်လို့နေခြင်းကြောင်း ခေါင်းညိတ်ကာဖြင့် ရာဇဘက်ကိုလှည့်ကြည့်ပြိီးမေးလိုက်တယ်
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romanceဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...