U ver
𖡛YOUR SHADOW𖡛
ခွပ်!!!
“ တောက်စ်!!!…မင်း! ”
နမ်းနေရာမှအသက်ရှူမဝဖြစ်လာတာကြောင့် ဖယ်ခွာပေးလာတဲ့ ရာဇကြောင့် အချုပ်အနှောင်ထဲမှလွတ်ထွက်သွားတဲ့ ငှက်ငယ်ပမာ သန်မာတဲ့လက်မောင်းနှစ်ဖက်ကြားမှ ရုန်းထွက်လိုက်ပြီး မျက်နှာကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်ရင်း တောက်ခက်ကာ ရန်တွေ့ဖို့ပြင်လိုက်ပေမယ့်လည်း အချိန်အတော်ကြာနမ်းခံထားရတဲ့အချိန်နှင့်မောဟိုက်နေတာကြောင့်ရော အံ့အားသင့်စွာဖြင့် ဝမ်းနည်းညှိုးငယ်စွာသူ့အားမော့ကြည့်နေတဲ့ ရာဇရဲ့ပုံစံကြောင့်ရော သူမပြောနိုင်ခဲ့ပေ
“ ငါ ငါတောင်းပန်ပါတယ် ရာဇ… ”
စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ရင်း အသက်ကိုဝဝရှူရှိုက်ကာ ယခုချိန်ထိ သူအား သနားချင့်စဖွယ်မျက်ဝန်းများဖြင့်စိုက်ကြည့်နေသေးသည့်ရာဇကြောင့် တောင်းပန်စကားဆိုလိုက်ရင်း ထိုးလိုက်တဲ့အရှိန်ကြောင့် ကြမ်းပြင်ပေါ်မှာထိုင်ရက်ကလေးရှိနေတဲ့ ရာဇအား လက်ကမ်းပေးလိုက်ရင်း ထရန်ကူညီပေးလိုက်တယ်
သို့သော်လည်းပဲ
“ အင့်… ”
နမ်းနေရာမှ လွှတ်ပေးလိုက်တော့ မျက်နှာပေါ်ကိုရောက်လာတဲ့ ချစ်ရသူလေး၏ လက်သီးတစ်ချက်ကသိပ်အားမပြင်းသော်လည်း မူပိုကာဖြင့် ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်ရင်း သနားဂရုနာပိုတတ်သည့် ချစ်ရသူလေး၏ နူးညံ့တဲ့စိတ်သဘောထားအားအသုံးချကာ နာကျင်သွားဟန်နှင့်မယုံကြည်နိုင်သည့် အံ့ဩမှင်သက်သော မျက်ဝန်းများဖြင့်သနားစရာကောင်းအောင် ဟန်ဆောင်ကာ သနားဂရုနာသက်စေလိုက်သည်
ထိုတော့မှ သူလေးက သူ့အားတောင်းပန်စကားဆိုပြီး လက်လှမ်းကာ ထနိုင်ရန်ကူညီသည်အား အခွင့်ကောင်းယူကာ ကမ်းလာသည့် ချစ်ရသူလေး၏ လက်ကောက်ဝတ်အား ဆွဲကာ သူ့ရင်ခွင်အတွင်းဆွဲသွင်းလိုက်လေတော့သည်
“ မင်း…ရာဇ ”
“ အင်း…ကိုယ်ရှိတယ်လေ အသက် ”
YOU ARE READING
𖡛YOUR SHADOW𖡛 {Completed}
Romanceဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်လိုပုံစံရှိတယ်ဆိုတာကိုသိကြမှာပါ အသေးစိတ်သိချင်ရင်တော့ *အသိပေးအမှာစာ* ဆိုတာလေးကိုဖတ်ပေးကြပါနော်... ❌ဤ...