Chapter -33

187 4 0
                                    








U ver

𖡛YOUR SHADOW𖡛


ကျယ်ဝန်းလှမြက်ခင်းပြင်ကျယ်ကြီးပေါ်တွင်တော့ အပြင်းအထန်လေ့ကျင့်နေကြတဲ့လူတစ်စု

“ မင်းတို့တွေ! ဒီလောက်လေးတောင်မလုပ်နိုင်ကြဘူးလား!… ဟမ်! ”

မာန်မပါပဲ လေ့ကျင့်နေကြတဲ့ သင်တန်းသားတွေကြောင့် ဆူငေါက်ကာပြောလိုက်တယ်

{ မာန် ဆိုတာ ကြွေရုပ်လေးနဲ့ ဦးမာန်ကိုပြောတာဟုတ်ဘူးနော်…အင်တိုက်အားတိုက်နဲ့အားမာန်အပြည့်ကိုပြောတာပါ တမျိုးထင်သွားမှာဆိုးလို့😅😅 }

“ ~~ဘာတွေကိုအဲ့လောက်တောင်စိတ်တိုနေရတာလဲ~~ငယ်~~ ”

“ အမလေး!… ”

သူမရဲ့နား နားလေးကိုကပ်ကာပြောလာတဲ့ဆွဲဆောင်မှုရှိတဲ့အသံချိုချိုလေးကြောင့်ရုတ်တရပ်ဆိုတော့ လန့်သွားကာယောင်လိုက်မိတယ်

“ အဟားးး…လန့်သွားတာလား ငယ်… ”

“ ဟူးး...မမလင်း… ”

“ အရမ်းလန့်သွားတာလား...ကိုယ်က ငယ့်ကိုစလိုက်တာ ”

“ လန့်သွားတာပေါ့ ရုတ်တရပ်ဆိုတော့… ”

သူ့အမေးကို အနည်းငယ်မကျေနပ်သလိုပုံစံလေးနဲ့နှုတ်ခမ်းကိုအနည်းငယ်စူကာ ပြောလာလေတော့ သူမမှာအသည်းတယားယားရယ်ဖြင့်သာ

“ ဟုတ်လား...ကိုယ့်ကြောင့် ငယ်အရမ်းလန့်သွားရပြီ…ဒါကြောင့် ကိုယ်နေ့လည်စာလိုက်ဝယ်ကျွေးမယ်လေ ”

“ အာ…ရပါတယ် မမလင်းရဲ့...တကယ်ဆို နန်းကသာ မမလင်းကိုဝယ်ကျွေးရမှာ ”

သူမကိုနေ့လယ်စာလိုက်ဝယ်ကျွေးမယ်လို့ပြောလာတဲ့ မမလင်းကြောင့် သူမပြန်ပြောလိုက်တယ်

တကယ်လည်းသူမကသာဝယ်ကျွေးသင့်သည့်သူမဟုတ်ပါလား။ ဟိုနေ့ညက ကူညီ‌ပြီးအိမ်ပြန်လိုက်ပို့ပေးခဲ့သည်မဟုတ်လား

“ မဟုတ်တာ...ကိုယ်က ငယ့်ကိုဝယ်ကျွေးချင်လို့ပါ…နော်နော် နော် ”

“ ဟို… ”

“ ငယ်ရယ် မငြင်းလိုက်ပါနဲ့နော် နော်နော်… ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now