Chapter -23

225 4 0
                                    


U ver

𖡛YOUR SHADOW𖡛

“ နွယ်…နင့်ခြေထောက်ကသက်သာသွားပြီထင်ပါ့ ”

“ အေး… ”

မိမိရှိရာဆီကိုလျှောက်လာနေရင်းမေးလာတဲ့ နုကြောင့်ပြန်ဖြေလိုက်တယ်

နုအပြင် ကျန်တဲ့သူများလည်း ပါလာကြလေသည်ဖြစ်တယ်

“ အေးပါ သက်သာသွားပြီ‌ဆိုတော့လည်းကောင်းတာပေါ့ ”

“ အင်း”

“ အမ်မယ်…မာန် နင်ကစောရောက်နေပါလား ”

ဧည့်ခန်းဆိုဖာမှာအခန့်သားထိုင်ပြီး စာဖတ်နေတဲ့မာန် ကြောင့်ပြောလိုက်ခြင်းပင်

တကယ်လည်း မာန်ဟာအမြဲတမ်းနွယ့်ဆီကိုအခုလိုမျိုးကြိုပြီးအစောကြီးရောက်နေကျပေ

“ ငါကစောရောက်နေတာမဟုတ်ဘူး နင်တို့ကသာနောက်ကျနေတာ ”

“ ဟွန့်…အေးပါအေးပါ ငါတို့ကသာနောက်ကျနေတာပါ ”

နှာမှုတ်လို့ မျက်စောင်းထိုးကာပြောလာတဲ့နုကြောင့် အားလုံးလည်းသဘောကျကာရယ်လိုက်မိကြသည်

“ ကဲ…ငါတို့တွေလည်းလူစုံပြီဆိုတော့ သွားကြတာပေါ့ ”

“ အင်း အင်း သွားကြမယ်လေ ”

ထို့နောက် သူ့တို့အားလုံးလည်း ကျောင်းသို့ထွက်လာခဲ့လိုက်တော့တယ်

ကျောင်းရောက်တော့လည်း လူစုခွဲကာကိုယ့်အတန်းရှိရာဆီကိုသာ ‌ထွက်လာခဲ့လိုက်ကြတယ်

အတန်းထဲရောက်တော့ ကိုယ့်ထိုင်ခုံမှာကိုယ်ထိုင်ကာ မာန်နဲ့‌နှစ်ယောက်သားစကားတွေပြောကြတယ်

ဒီလိုနဲ့ပဲကျောင်းတက်သွားတော့ အတန်းထဲကိုဆရာမဝင်လာပြီး ဆရာမရဲ့နောက်တွင်လည်း လူတစ်ယောက်ကလိုက်ပါလာလေသည်

“ ဟင်…ဒါ ဒါဟိုလူပဲ ”

မြင်လိုက်ရတဲ့လူဟာ ကမ်းခြေကိုသွားတုန်းကသူနဲ့တိုက်မိတဲ့သူသာဖြစ်သည်

“ ကဲ ဆရာမတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသားသစ်ပဲ…သား နာမ်မည်မိတ်ဆက်လိုက် ”

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now