Part 1 (unicode)

2.4K 60 1
                                    

ဒီနေ့ နှင်းတွေကျနေတယ်။
လမ်းမပေါ်မှာ နူးညံတဲ့အဖြူရောင်အမှုန်လေးတွေက လှလှပပကျဆင်းလို့။
အဖြူရောင်နှင်းလေးတွေကြားမှာ သိပ်ချစ်ဖို့ကောင်းတဲ့အဖြူရောင်ကောင်ငယ်လေးတစ်ယောက်လဲ ရှိနေလေရဲ့။
ကောင်ငယ်လေးဟာ လက်ကိုဆန့်တန်းလို့ နှင်းမှုန်လေးတွေကို ခံစားကြည့်တယ်။

အေးမြပြီးအရမ်းနူးညံတာပဲ။

သူ့ပတ်ဝန်းကျင်မှာလဲ နှင်းမှုန်လေးတွေရဲ့အလှကို ခံစားနေတဲ့အခြားလူတွေလဲရှိနေတယ်။
တချို့က အလှဓာတ်ပုံတွေရိုက်နေကြတယ်။
တချို့ကျ သူ့လိုပဲ နှင်းမှုန်လေးတွေကို ငေးလို့။

Tee~~~Tee~~~

ထူထဲတဲ့အနွေးအင်္ကျီရဲ့ အိပ်ကပ်ထဲကဖုန်းလေးဟာ တုန်ခါလာတာမို့ သူယူကြည့်လိုက်တယ်။
Content name လေးက "ကိုကို" တဲ့။
ကောင်ငယ်လေးဟာ သူမသိလိုက်ခင်မှာပဲ
ဖုန်းလေးကိုကြည့်လို့ ပါးမို့မို့လေးထင်းနေအောင်
ပြုံးနေမိပြီ။

"ဟယ်လို ကိုကို "

"ရိပေါ် ကိုကိုတောင်းပန်ပါတယ်
အရေးကြီးကိစ္စရှိလို့ ချိန်းထားတာမလာဖြစ်တော့ဘူး
နောက်တခေါက်မှ ကိုကိုအရသာရှိတာတွေ
လိုက်ကျွေးမယ်နော်"

ပျော်ရွှင်နေတဲ့ကောင်လေးရဲ့ အပြုံးတွေက
ရုတ်ချည်းဆိုသလို ရပ်တန့်သွားတယ်။

"အင်းပါ ကိုကို"

ဖုန်းကိုချလို့ ခပ်ဝေးဝေးကိုပစ်ပေါက်လိုက်တယ်။
အပြစ်မဲ့တဲ့ဖုန်းလေးက လမ်းမပေါ်မှာ
တစစီကွဲကြေသွားခဲ့တယ်။

"ကိုကိုက အမြဲကတိမတည်ဘူး
ကိုကိုနဲ့အတူ ပထမဆုံးနှင်းကျတာကိုကြည့်ချင်ခဲ့တာ"

အဖြူရောင်နှင်းတွေကြားမှာ ကောင်ငယ်လေးဟာ ဒူးထောက်လို့ငိုကြွေးနေမိပြီ။
နှင်းလေးတွေက ခပ်တိုးတိုးပြောသွားကြတယ်။

မငိုပါနဲ့ကောင်လေးရယ်
မင်းငိုနေတာထက် ခုနကလိုပြုံးနေတာက
ပိုလိုက်ဖက်ပါတယ်တဲ့။

*********************************

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ"

တည်ကြည်တဲ့အသံအဆုံးမှာ ယွီပင်းလဲ
အခန်းထဲဝင်သွားတော့တယ်။
အခန်းထဲမှာတော့ တည်ကြည်ချောမောပြီး
နူးညံ့တဲ့ အသွင်နဲ့ ဌာနမှူးဟာ အလုပ်တွေရှုပ်နေပုံရတယ်။
ယွီပင်း သူယူလာတဲ့ဖိုင်လေးကို စားပွဲပေါ်တင်ပေးလိုက်ပြီး

Dear my all,Where stories live. Discover now