Part 4

618 39 3
                                    

Unicode


တစ်နှစ်အကြာ,

"အပြင်မှာကျနေတဲ့နှင်းတွေက အရမ်းလှတယ်
ထွက်မကြည့်ချင်ဘူးလား Leo"

ဒေါက်တာ Joseph ကသူ့ရှေ့ကအမှောင်ထုထဲ
ထိုင်နေတဲ့ ကောင်ငယ်လေးကို နူးနူးညံညံလေး
မေးလိုက်တယ်။

"ကျွန်တော်နှင်းတွေကိုမုန်းတယ်"

ပြန်ဖြေသံကခပ်တိုးတိုး။

နှင်းကျတဲ့နေ့မှာ ကိုကိုကသူ့ဘဝထဲက ထွက်သွားခဲ့တာ။
ဒေါက်တာ Joseph ဟာ အမှောင်ထုထဲကလူငယ်လေးရဲ့ပြန်ဖြေသံအဆုံးမှာတော့ အနည်းငယ်ခေါင်းညိတ်လို့ ပြန်ပြောလိုက်တယ်။

"အဖြူရောင်နှင်းမှုန်လေးတွေမှာ ဘာအပြစ်ရှိလို့လဲ "

ကောင်လေးက ခေါင်းခါတယ်။
စိတ်ကျဝေဒနာရှင်တွေဟာ အရမ်းကိုထိခိုက်လွယ်တယ်။ သူတို့ဟာအပြင်မှာကျနေတဲ့ အဖြူရောင်နှင်းလေးတွေအလားဘဲ။
ကောင်လေးက အတော်ကြာတဲ့အထိ တိတ်ဆိတ်သွားတာမို့ ဒေါက်တာ Joseph ဟာလည်း သက်ပြင်းချရင်း
မှောင်မဲနေတဲ့အခန်းထဲနေထွက်လာခဲ့လိုက်တယ်။

"သား အခြေအနေဘယ်လိုရှိလဲ ဒေါက်တာ"

အပြင်မှာရပ်စောင့်နေတဲ့ အသက်ခပ်လတ်ပိုင်း
လူဟာ အထဲကသားဖြစ်သူကို အလွန်စိတ်ပူနေပုံရတယ်။ဒေါက်တာ Joseph သူ့မျက်မှန်ကို
အနည်းငယ်ပင့်တင့်လိုက်ပြီး သူ့ရှေ့ကလူရဲ့
အမေးကိုပြန်ဖြေလိုက်တယ်။

"Leo အခြေအနေတိုးတက်လာပြီလို့ပြောရမှာပဲ
သူကျွန်တော့်ကို စကားပြန်ပြောလာပြီ
ဒီအမှောင်ထုထဲကနေသူ မကြာခင်ထွက်လာနိုင်တော့မှာပါ"

ဝမ်ချီရန်ဟာ ဒေါက်တာရဲ့စကားကြောင့်
ပျော်ရွှင်သွားပြီး ပြုံးကာခေါင်းညိမ့်ပြလိုက်မိတယ်။
ဒေါက်တာ ထွက်သွားပြီးနောက်မှာ
ဝမ်ချီရန်ဟာ မှောင်မဲနေတဲ့အခန်းလေးထဲဝင်လာခဲ့တယ်။

အခန်းထဲမှာ သူ့သားလေးဟာ လိုက်ကာကြားက
ပြတင်းပေါက်လေးကို ငေးလို့။

"ဘယ်အချိန်ထိ အမှောင်ထုထဲမှာ နေနေမှာလဲ
သားငယ်ရယ်"

"Daddy ကျွန်တော်လဲပင်ပန်းနေပြီ"

Dear my all,Where stories live. Discover now