Unicode
လင်းယန် လူရိပ်တစ်ခုမြင်လိုက်တယ်။
သူရုံးခန်းထဲမှာနားနေတုန်း လှစ်ခနဲ ဖြတ်သွားတဲ့မိန်းကလေးပုံရိပ်။
လင်းယန် အမြန်အပြင်ကိုထွက်ကြည့်မိတယ်။
ကော်ရစ်ဒါက လူရှင်းနေပြီး ဘာမှမတွေ့ရဘူး။
သူလဲအမြင်မှားတာပါလို့ သတ်မှတ်ပြီး
အခန်းထဲသာပြန်ဝင်လာလိုက်တော့တယ်။အခန်းထဲပြန်ရောက်ပြီး တွေးမိနေတာကတော့ ကလေးမရဲ့အကြောင်းပါပဲ။
ကလေးမကို သူဘယ်လိုများအကူအညီပေးနိုင်လိမ့်မလဲလေ။ပြီးတော့လဲ မစ္စတာရှောင်းကဘာလို့
အဖေနေရာမှာ သူ့နာမည်ထည့်ခိုင်းတာလဲ။
သူများကိစ္စကို စိတ်မဝင်စားသင့်ဘူးဆိုတာသိပေမဲ့လဲ လင်းယန် လျစ်လျူရှုမထားနိုင်ဖြစ်နေရတယ်။သူ့အတွေးတွေ မဆုံးခင်မှာပဲ
လက်ထောက်ဆရာဝန်လေးဟာ အခန်းထဲ
အမောတကြီးပြေးလာပြီး သူ့ကိုပြောလာတော့တယ်။"ဒေါက်တာ အမြန်လာကြည့်မှရမယ်"
"ဘာ case လဲ"
"suicide case ပဲ"
လင်းယန်ဂျူတီကုတ်ကို အမြန်ကောက်ပြင်ကာအပြင်ကို လေအလျင်လိုထွက်လာမိတော့တယ်။
သူ့စိတ်ထဲမှာလဲ မဟုတ်တာတွေတွေးနေမိသည်။မဟုတ်လောက်ပါဘူး။
မဖြစ်နိုင်ဘူးမလား။ညအနည်းငယ်ညှဥ့်နက်နေတာကြောင့် လူခြေတိတ်နေပြီး ရုတ်ရုတ်သဲသဲအသံတွေဟာ အရေးပေါ်ဌာနမှာဆူညံလို့နေတယ်။
လက်ထောက်လေးကတော့ သူနဲ့တန်းတူ
အမြန်လျှောက်နေရင်း ပါးစပ်ကလဲတရစပ်ပြောပြနေတယ်။"လူနာက အမျိုးသမီးတစ်ယောက်ပါ"
လင်းယန် ရင်ထဲထိတ်ခနဲပါပဲ။
"အမျိုးသမီးက ကားရှေ့ဝင်ရပ်တာ
ဒါပေမဲ့မောင်းတဲ့လူက အမြန်ရှောင်လိုက်လို့
ဘေးစောင်းပဲတိုက်မိသွားတယ်
ခုတော့သတိမေ့နေတယ်""သွေးခုန်နှုန်းတွေရော တိုင်းပြီးပြီလား"
"ဘယ်ဘက်နံရိုးထိသွားပုံပါ
သွေးခုန်နှုန်းတွေကတော့ မတည်ငြိမ်သေးဘူး"အရေးပေါ်ဌာနရောက်တော့ လူနာကိုခွဲခန်းထဲ
အမြန်ပို့ဖို့လုပ်ရတယ်။
လင်းယန်လဲ အရေးပေါ်ခွဲခန်းဝင်ရတော့တာပါပဲ။