Part 11

506 50 7
                                    

Unicode

ရှောင်းကျန့် ဒီနေ့တမနက်လုံးအလုပ်လုပ်ရတာစိတ်မပါပေ။
ပြီးခဲ့တဲ့တစ်ပတ်လုံး ရိပေါ်ကိုမတွေ့ခဲ့ရဘူး။
Instagram ကနေတစ်ဆင့်တော့ ရိပေါ်နဲ့ လုချင်းအာရဲ့ ပုံတွေကို သူနေ့တိုင်းနီးပါးမြင်ရသည်။

လုချင်းအာနဲ့မပက်သက်ပါနဲ့လို့ သူပြောလိုက်မိလို့ ရိပေါ်ကအရွဲ့တိုက်ပြီး ပိုများလုပ်နေသလားမသိတော့ပေ။
သူမြင်ရမှာကိုသိသိနဲ့ နှစ်ယောက်သားအတူရိုက်ထားတဲ့ ပုံတွေကိုတစ်နေ့တစ်ခုတော့တင်တယ်။

ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်ကအခုရိပေါ်နဲ့ ဘာမှမသက်ဆိုင်တော့တဲ့သူ ဖြစ်သွားပြီပေါ့။

မနေ့ညက အတွေးလွန်ပြီးနောက်ကျမှအိပ်ပျော်သွားတာမို့ ခေါင်းကလဲသိပ်မကြည်ဘူး။
ဆွဲလက်စ ဒီဇိုင်းတစ်ခုကို လက်စသတ်ပြီးတာနဲ့ရှောင်းကျန့် ကွန်ပျူတာကိုပိတ်လိုက်ပြီး
ခုံပေါ်ခေါင်းမှောက်အိပ်လိုက်တော့တယ်။
အိပ်ချင်လို့မဟုတ်ပေမဲ့ သူ့မျက်လုံးတွေ အနားပေးဖို့တော့ လိုအပ်နေတယ်။
မျက်လုံးမှိတ်ထားပြန်တော့လဲ ရိပေါ်နဲ့ဟိုမိန်းမရဲ့ဓာတ်ပုံ‌တွေက သူ့အတွေးထဲဝင်လာပြန်တယ်။
ရှောင်းကျန့် ခေါင်းသာခါထုတ်လိုက်မိတော့တယ်။

မတွေးဘဲလဲ မနေနိုင်ဘူး။
တွေးနေတော့လဲ သူပဲနာကျင်နေရတယ်။

ဒေါက်

ဒေါက်

တံခါးခေါက်သံကြောင့် ရှောင်းကျန့် ခေါင်းပြန်ထောင်ကာ အသံပြုလိုက်တယ်။

"ဝင်ခဲ့ပါ"

သူ့အသံဆုံးတာနဲ့ ယွီပင်းကအခန်းထဲဝင်လာတယ်။

"ဌာနမှူး ဒီနေ့ Wang Group ဘက်ကတာဝန်ခံလာမယ်လို့ပြောပါတယ်"

"ရိပေါ် လား"

"ဟုတ်ပါတယ် ဌာနမှူး"

ရိပေါ်ကဘာလာလုပ်မှာလဲ။
သူအနေနဲ့ အခုချိန်မှာရိပေါ်ကိုတွေ့ဖို့ ဘယ်လိုမှအဆင်ပြေမနေဘူး။
အထူးသဖြင့် ရိပေါ်နဲ့လုချင်းအာကို ပေါ့။

သူပိုင်ဆိုင်ခဲ့တဲ့အဲ့ကလေးက တခြားလူ
တစ်ယောက်နဲ့အတူရှိနေတဲ့ ပုံရိပ်က
ရှောင်းကျန့်ကိုပြောမပြနိုင်အောင် ခံစားရစေတယ်။

Dear my all,Where stories live. Discover now