Unicode
လုချင်းရီ ဆေးရုံခန်းထဲကအရူးလို ထွက်ပြေးလာခဲ့တယ်။
သူမလက်မခံနိုင်ဘူး။
ခုလိုဖြစ်နေတာတွေကို လုံးဝလက်ခံလို့မရဘူး။
ဘာလို့များ သူမဆီမှာမှ ဒီလိုတွေလာဖြစ်နေရတာလဲ။
လမ်းတစ်လျှောက် နားကိုပိတ်လို့ သူမပြေးနေခဲ့တယ်။
သူမနောက်ကနေ ခုနကသူနာပြုအမ
နှစ်ယောက်က ပြေးလိုက်ပြီးဆက်မပြေးဖို့ တားနေကြတယ်။"ကလေးမလေး မပြေးနဲ့လေ!"
"ပြန်လာခဲ့!"
ဟင့်အင်း။ ဟင့်အင်း။
မသွားချင်ဘူး။
ဘယ်သူ့ဆီကိုမှ မသွားချင်ဘူး။
လုချင်းရီ စိတ်ထဲကနေအကျယ်ကြီးအော်ပစ်လိုက်ချင်တယ်။
လက်တွေ့ဘဝမှာတော့ သူမဟာအသံတွေပျောက်ဆုံးနေတဲ့သူ တစ်ယောက်ဖြစ်နေခဲ့တယ်။ပြီးတော့ ပြီးတော့ သူမဗိုက်ထဲမှာ.....
အဲဒါကဘယ်လိုလုပ်ပြီး......လိမ်နေတာ။
အားလုံးကညာနေကြတာ။ဗုန်း!!
"အ,"
"ဟိတ် သတိထား"
ရုတ်တရက် လမ်းလျှောက်လာတဲ့လူတစ်ယောက်ကို ချင်းရီဝင်တိုက်မိလိုက်တယ်။
အဲ့လူက အမြန်ထိန်းပေးလိုက်တာကြောင့် သူမကြမ်းပြင်ကိုတော့ ပြုတ်ကျမသွားခဲ့ဘူး။
သူမရဲ့ ပြေးနေဆဲခြေလှမ်းတွေကတော့ ရပ်တန့်သွားခဲ့ပြီ။"ဒေါက်တာ ကလေးမကိုဖမ်းထားပေးပါ
ကိုယ်ဝန်ကြီးနဲ့လျှောက်ပြေးနေတာ"သူနာပြုက သူမကိုကိုင်ပေးထားတဲ့လူကို
လှမ်းပြောတယ်။
ချင်းရီ ထိုလူကိုမော့ကြည့်လိုက်တော့ ထိုလူကသူမကိုပြုံးပြလို့နေသည်။
ဆရာဝန်တစ်ယောက်ရဲ့ နွေးထွေးတဲ့အပြုံးမျိုးနဲ့။"အဆင်ပြေရဲ့လား
ဘယ်နားနာသွားသေးလဲ"ချင်းရီ ထိုလူ့စကားသံကြားတော့ မော့ကြည့်နေရာမှ ခေါင်းငုံ့လိုက်ပြီး ခေါင်းခါပြလိုက်တယ်။
ထိုလူက သူမရဲ့ရှုပ်ထွေးနေတဲ့ဆံပင်တွေကို
နူးညံစွာသပ်တင်ပေးရင်း ထပ်ပြောတယ်။"လျှောက်ပြေးနေတာ ကလေးလေးထိခိုက်သွားမှာမစိုးရိမ်ဘူးလား ကလေးမ
ကိုယ်မင်းကို ဘယ်လိုတောင်ကုပေးခဲ့ရတာမို့လို့လဲ"