Part 26

696 79 9
                                    

Unicode

ဝမ်ဥက္ကဠရဲ့ အာဏာကြောင့် နောက်ကွယ်က
ကြိုးကိုင်သူကို လွယ်လွယ်ပဲဖမ်းမိခဲ့တယ်။
လုချင်းအာ ဟာသူမအမှားကို ဝန်မခံဘဲ
ငြင်းနေတုန်းပဲ။
တရားခံရဲ့ပါးစပ်ကနေ သူမရဲ့နာမည်ထွက်လာတာတောင် သူမကအလျှော့မပေးခဲ့ဘူး။
ဒါပေမဲ့လဲ ဝမ်ချီရန်ဟာ သူမကိုဖြေရှင်းချိန်တောင်မပေးဘဲ အပြစ်ခံယူခိုင်းဖို့ စီစဥ်ခဲ့တယ်။

လုချင်းအာ ဘယ်လောက်ငြင်းငြင်း
သူမအပြစ်အတွက် လမ်းကတစ်ခုထဲပါပဲ။
အဲဒါက ထောင်ထဲဝင်ရတာပဲပေါ့။

"ကျွန်မမဟုတ်ဘူး ဒီကိစ္စကို ဘာမှမသိဘူးလို့"

သူမဟာ အရူးလိုအော်ဟစ်ရင်း ပြောတယ်။

"မင်းငြင်းမနေနဲ့
ငါတို့မှာ သက်သေတွေအကုန်ရှိပြီးသား
ပြီးတော့တရားခံကလဲ မင်းကခိုင်းတာပါလို့
ဝန်ခံပြီးပြီ"

ငြင်းလို့မရတော့တဲ့ နောက်ဆုံးအချိန်ကျမှ
လုချင်းအာ မျက်ရည်တွေစီးကျနေရင်း အံကြိတ်ထားမိသည်။

သူမ တကယ်အဆုံးသတ်တော့မှာလား။

"မှားပါတယ်
ကျွန်မတောင်းပန်ပါတယ် တကယ်မှားသွားပါတယ်
လွှတ်ပေးပါ လွှတ်ပေးပါနော်
ကျွန်မက ဝမ့်ရဲ့ချစ်သူပါ ဝမ်ကိုထိခိုက်စေချင်တာမဟုတ်ပါဘူး
ယုံပေးပါ ဝမ့်ကိုကျွန်မကအရမ်းချစ်တာ"

"မင်းပါးစပ်ကို ပိတ်ထားလိုက်တော့"

သူမရဲ့ သွေးရူးသွေးတန်းစကားသံတွေက
ရပ်တန့်ခံလိုက်ရတယ်။

"ရှောင်းကျန့်!"

ရှောင်းကျန့်ဟာ တင်းမာပြီးစူးရှတဲ့ မျက်လုံးနဲ့
စိုက်ကြည့်ရင်း သူမဆီလျှောက်လာတယ်။
လုချင်းအာဟာ မျက်ရည်တွေသုတ်ပစ်လိုက်ပြီး
သူမရှေ့ကလူကို မုန်းတီးစွာကြည့်လို့နေတယ်။

ရှောင်းကျန့်က အနားရောက်လာပြီး
နီရဲနေတဲ့ မျက်လုံးတွေနဲ့ တလုံးချင်းပြောလာတယ်။

"မင်းပြန်ပေးဆပ်ရမယ်
ရိပေါ် နာကျင်တာထက်ပိုဆိုးတဲ့ခံစားချက်မျိုး
ကျိန်းသေခံစားရမှာ လုချင်းအာ"

ရှောင်းကျန့်စကားကြောင့် လူချင်းအာ အနည်းငယ်တော့ တုန်လှုပ်သွားခဲ့တယ်။

Dear my all,Where stories live. Discover now