Part 8

583 49 4
                                    

Unicode

"သူဒီနေ့လာမှာသေချာရဲ့လား"

ရှောင်းကျန့်ရဲ့အနည်းငယ်မကျေမနပ်ဖြစ်နေတဲ့စကားသံအဆုံး ဘေးနားက ယွီပင်းက
ပြာပြာသလဲ ပြန်ဖြေရှာသည်။

"ဟုတ်လာမယ်လို့တော့ပြောထားတယ်
ဌာနမှူး"

ရှောင်းကျန့်တကယ့်ကို စိတ်တိုနေရတာဖြစ်တယ်။
ချိန်းထားတာ ၁ နာရီ အခု  ၂ နာရီတောင်ခွဲတော့မယ်။ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။

ရှောင်းကျန့်ဘဝမှာ အမုန်းဆုံးက အချိန်မတိကျတာဖြစ်သည်။
လုပ်ငန်းကြီးလုပ်နေတဲ့လူတစ်ယောက်က
ဒီလိုပဲအချိန်နောက်ကျလို့ရတာလား။

"နောက်ထပ် ၁၅မိနစ်နေလို့မှမလာရင် ငါပြန်မယ်"

"ဟုတ် ဟုတ်ကဲ့"

သူတို့အခု စားသောက်ဆိုင်တစ်ခုရဲ့
VIP roomထဲမှာရောက်နေတာပင်။
မကြာလိုက် waiter တစ်ယောက်ရဲ့တံခါးဖွင့်လိုက်သံနှင့်အတူ အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက်ကို တွေ့လိုက်ရတော့တယ်။
ထိုလူက ကိုယ့်အပြစ်ကိုယ်သိပုံကြောင့် ဝင်လာတာနဲ့ ပြာပြာသလဲ နှုတ်ဆက်လာတယ်။

"နောက်ကျသွားလို့တောင်းပန်ပါတယ်
ကျွန်တော်က အတွင်းရေးမှူးဖုန်းကျန်းပါ"

ရှောင်းကျန့် ဘာမှပြန်မပြောဘဲ မျက်လုံးသာလှန်ကြည့်မိလိုက်တယ်။
ပြီးမှ ခနဲ့တဲ့တဲ့ လေသံနဲ့ခပ်အေးအေးပြောလိုက်တယ်။

"နာမည်ကြီး Wang Group ကခုလို အချိန်
မလေးစားတတ်မှန်း မသိခဲ့ဘူးပဲ"

"တောင်းပန်ပါတယ်ဗျာ
လာရင်းနဲ့ လမ်းမှာကိစ္စလေးတစ်ခုကြုံလာရလို့ပါ"

"ထားပါ
ဘယ်မှာလဲ မင်းတို့တာဝန်ခံ
ပြောစရာကိစ္စကိုအမှန်ပြောပြီး ဖြတ်လိုက်ကြတာပေါ့"

"တာဝန်ခံကလာနေပါပြီ"

"ထပ်စောင့်ရဦးမှာလား"

"မဟုတ်ပါဘူးဗျ
လာနေပါပြီ"

ရှောင်းကျန့် လုံးဝသည်းမခံနိုင်တော့ပေ။
သူချက်ချင်းထရပ်လိုက်ပြီး

"ကျွန်တော် အရမ်းစိတ်ပျက်မိတယ်
သွားခွင့်ပြုပါဦး
ယွီပင်း သွားမယ်"

Dear my all,Where stories live. Discover now