Unicode
ဒေါက်တာလင်းယန်ခေါ်တဲ့နောက် ခဏလိုက်သွားပြီးတဲ့အခါမှာတော့ ရှောင်းကျန့် သူ့မေးခွန်းတွေကို အဖြေရှာဖို့ အခန်းဆီပြန်လာခဲ့တယ်။
တုန်ယင်နေတဲ့လက်တွေနဲ့ ရှောင်းကျန့်
အခန်းတံခါးကိုဖွင့်လိုက်တယ်။
သူ့ခြေထောက်တွေက လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်လောက်အောင် ယိုင်နဲ့နေတယ်။ မျက်လုံးတွေကနီရဲနေပြီး
နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ထားတယ်။ဒီကိစ္စကို သူ့ဒေါသတွေအားလုံးမနည်းလျှော့ချပြီးမှ ဖြေရှင်းဖို့ပြန်လာခဲ့တာဖြစ်တယ်။
ယူကြုံးမရမှုတွေနဲ့အတူ ကိုယ့်ကိုယ်ကိုအပြစ်တင်မှုတွေပါ ရှောင်းကျန့်ခံစားနေရသည်။"မစ္စတာရှောင်း တတ်နိုင်သမျှစိတ်အေးအေးထားပေးပါ"
ဒေါက်တာလင်းယန်က သူ့နောက်ကပ်လိုက်လာရင်း ထပ်တလဲလဲဆိုနေခဲ့တယ်။
အခန်းတံခါးပွင့်သွားတဲ့နောက်မှာတော့
ချင်းရီဟာ ကုတင်ပေါ်ထိုင်ရင်း ပြတင်းပေါက်ကို ငေးကြည့်နေတာကိုတွေ့လိုက်ရတယ်။"လုချင်းရီ"
ရှောင်းကျန့်အသံကြားတော့ ချင်းရီက ဆတ်ခနဲတုန်သွားပြီးလှည့်ကြည့်လာတယ်။
ရှောင်းကျန့် သူမနားတစ်လှမ်းချင်းလျှောက်သွားလိုက်သည်။"နေရတာသက်သာလား"
ရှောင်းကျန့်ရဲ့အသံက ပုံမှန်ဖြစ်နေမှာတော့မဟုတ်ဘူး။
ခုချိန်မှာ တခဏအတွင်းသိလိုက်ရတဲ့
လက်မခံနိုင်စရာကိစ္စကြောင့် သူ့စိတ်ကို
မနည်းထိန်းထားရတဲ့အသံပေါက်နေတယ်။ချင်းရီက ထူးဆန်းသလိုသူ့ကိုကြည့်နေရင်းမှ
မျက်နှာလွှဲကာ ခေါင်းညိမ့်ပြတယ်။ရှောင်းကျန့် ချင်းရီအနည်းငယ်ဖုံးထားတဲ့ သူမရဲ့ဗိုက်ဆီအကြည့်ပို့လိုက်မိတယ်။
"~ဘယ်သူလဲ~"
လေသံခပ်ဖြေးဖြေးနဲ့ သူမေးလိုက်မိသည်။
လုချင်းရီဟာ ရှောင်းကျန့်အမေးအဆုံးမှာတော့ထိတ်လန့်တကြား တုန်လှုပ်သွားပါတော့တယ်။
သူမက ခေါင်းကိုအဆတ်မပြတ်ခါပြလာတယ်။
မျက်ဝန်းထောင့်ကနေ မျက်ရည်စတွေကလဲ
ချက်ချင်းဆိုသလိုပဲ စိုစွတ်လာခဲ့တယ်။