Unicode
ရှောင်းကျန့်အိပ်နေဆဲဖြစ်တဲ့ သူ့ညီမလေးပေါ်စောင်ထပ်ခြုံပေးလိုက်တယ်။
နေရောင်ခြည်အလင်းအရမ်းဝင်လာမှာ
ကြောင့်လဲ ပြတင်းပေါက်က လိုက်ကာကိုချပေးလိုက်တယ်။ဘာပဲဖြစ်ဖြစ် ဒီမှာတပတ်လောက်နေရမှာမို့
လွတ်လွတ်လပ်လပ်နဲ့ နေရတာကောင်းတဲ့
အကောင်းဆုံးအခန်းကို ပြောင်းခဲ့တာမှန်သွားသည်။
ဈေးအရမ်းများလွန်းတယ်ဆိုပေမဲ့ပေါ့လေ။
သူ့ညီမလေးအဆင်ပြေဖို့က အဓိကပါပဲ။
ရိပေါ်ကတော့ မနက်အစောကြီးကမှ
အိမ်ပြန်သွားတာဖြစ်တယ်။
ကျဥ်းကြပ်တဲ့ဆိုဖာပေါ်မှာပဲ သူနဲ့တူတူအိပ်သွားရတာမို့ ရှောင်းကျန့် ရိပေါ်တစ်ယောက် ကိုယ်လက်ကိုက်ခဲနေမှာစိုးရိမ်မိပါသေးသည်။အခုလောက်ဆို ရိပေါ်ကသူ့အနားပြန်လာပြီလို့ဆိုနိုင်မလား။
ရိပေါ်ကို သူပြန်ပိုင်ဆိုင်ခွင့်ရခဲ့ပြီလားလေ။
ထိုကောင်လေးက တိတိကျကျဘာတစ်ခုမှ
မပြောသေးပေမဲ့ ရှောင်းကျန့်ယုံတယ်။
ရိပေါ်နဲ့အတူတူ ထပ်ပြီးရှိနေခွင့်လေးကိုရမယ်လို့ပေါ့။ရှောင်းကျန့် နူးညံ့စွာ ပြုံးလိုက်မိတယ်။
.
.ခဏကြာတော့ ချင်းရီနိုးလာခဲ့တယ်။
"နိုးလာပြီလား ချင်းရီ"
နိုးနိုးချင်းသူ့ညီမလေးက သူ့ကိုမဝံမရဲပုံနဲ့
သေချာအကဲခတ်နေသလို ခံစားလိုက်မိသည်။
ရောဂါက မသက်သာသေးလို့များလား။"ဗိုက်အောင့်နေလို့လား "
ချင်းရီက သူ့ဗိုက်ကိုအတင်းကွယ်ပြီး အုပ်ထားတာမို့ ရှောင်းကျန့်စိုးရိမ်ပြီး မေးလိုက်တယ်။
ချင်းရီက နည်းနည်းအလန့်တကြားပုံမျိုးနဲ့ ခေါင်းခါပြလာတယ်။
"အင်းပါ ဒါဆိုရေချိုးခန်းထဲမျက်နှာသွားသစ်လိုက်တော့လေ
အကို မနက်စာသွားဝယ်ပေးထားမယ်နော်"ချင်းရီခေါင်းညိမ့်ပြလိုက်တယ်။
.
အကိုထွက်သွားပြီးမကြာခင်မှာပဲ
သူနာပြုတွေကအခန်းထဲဝင်လာပြီး ချင်းရီကိုစမ်းသပ်ကြတယ်။
အားဆေးထပ်သွင်းရမယ်လို့လဲ ပြောတယ်။