Part 28

278 33 5
                                    

Unicode

လုချင်းအာ တစ်ယောက် သံတိုင်ကိုခေါင်းမှီလို့ မျက်ရည်ကျကာ အသေကောင်လို
ငြိမ်သက်နေမိသည်။ အခု သူမဘယ်လိုမှပြေးမလွတ်တာ သေချာသွားပြီ။ သူ အခုဒီလိုနဲ့ပဲ တကယ်အဆုံးသတ်ရတော့မှာလား။

အသက်မရှင်ချင်တော့ဘူး။ ဒီလိုသာဆို ဘာအတွက် ဆက်ပြီးရှင်သန်ရမှာလဲ။

"ချင်းအာ သမီး"

အတွေးလွန်နေတုန်း မား ရဲ့အသံကြားတာကြောင့် လုချင်းအာနောက်လှည့်ကြည့်လိုက်တော့ မားက ရဲတစ်ယောက်နဲ့ သူ့ဆီလျှောက်လာနေတယ်။

"ချင်းအာ သမီးအဆင်ပြေရဲ့လား"

အမေဖြစ်သူရဲ့အမေးအဆုံးမှာ လုချင်းအာအရူးလိုအော်ငိုလိုက်တယ်။

"မပြေဘူး ဘယ်လိုလုပ်အဆင်ပြေမှာလဲ!
သမီးထောင်ကျနေပြီ အခုတကယ်မလွတ်တော့ဘူး
မား တစ်ခုခုကြံပါဉီး!!"

သူ့အမေဟာ ငိုနေတဲ့လုချင်းအာ ကိုကြည့်နေရုံကလွဲပြီး မတတ်နိုင်ပေ။

"ချင်းအာ မားတစ်ခုခုကြံပါမယ်
စိတ်အေးအေးထား"

"ဘယ်လိုလုပ်ထားနိုင်မှာလဲ!!
အခုသမီးဘဝကဒီလိုအဆုံးသတ်တော့မှာလား မား"

ထပ်ပြောရင်းပင် အော်ငိုနေသော လုချင်းအာ က ရဲသား၏ "မဆူနဲ့" လို့အော်လိုက်သံကြားမှ အသံလျော့လို့သွားတယ်။

"ချင်းအာ ဒီတခါမားကိုယုံ
သမီးကိုရအောင်ကယ်ပေးမယ်
တကယ်လို့မကယ်နိုင်ခဲ့ရင်တောင် ဟိုကောင်ရှောင်းကျန့် ကို ဒီတိုင်းမထားဘူး
သူ့အပြစ်ကိုပြန်ပေးဆပ်ခိုင်းမယ်"

"ဟုတ်တယ် အားလုံးက အဲ့ဒီရှောင်းကျန့်ကြောင့်ပဲ
သူသာ ဝမ်နဲ့သမီးကြားဝင်မရှုပ်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး
အားလုံးကသူ့ကြောင့်ပဲ
သူ့ကိုလုံးဝခွင့်မလွှတ်ဘူး"

ကောက်ကျစ်လွန်းတဲ့သားအမိဟာ သူတို့ကိုယ်တိုင်ရဲ့ အပြစ်ကိုမမြင်နိုင်ဘဲ တခြားသူကိုသာ အပြစ်ဖွဲ့ရင်း ပူလောင်နေခဲ့ကြတယ်။

"ချင်းအာ ဒီမှာပဲခဏစောင့်နေ
မား သမီးကိုရအောင်ထုတ်ပေးမယ်
မားကိုယုံ"

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

Dear my all,Where stories live. Discover now