ဒီနေ့ နှင်းတွေကျနေတယ်။
လမ်းမပေါ်မှာ နူးညံတဲ့အဖြူရောင်အမှုန်လေးတွေက လှလှပပကျဆင်းလို့။
အဖြူရောင်နှင်းလေးတွေကြားမှာ သိပ်ချစ်ဖို့ကောင်းတဲ့အဖြူရောင်ကောင်ငယ်လေးတစ်ယောက်လဲ ရှိနေလေရဲ့။
ကောင်ငယ်လေးဟာ လက်ကိုဆန့်တန်းလို့ နှင်းမှုန်လေးတွေကို ခံစားကြည့်တယ်။အေးမြပြီးအရမ်းနူးညံတာပဲ။
သူ့ပတ်ဝန်းကျင်မှာလဲ နှင်းမှုန်လေးတွေရဲ့အလှကို ခံစားနေတဲ့အခြားလူတွေလဲရှိနေတယ်။
တချို့က အလှဓာတ်ပုံတွေရိုက်နေကြတယ်။
တချို့ကျ သူ့လိုပဲ နှင်းမှုန်လေးတွေကို ငေးလို့။Tee~~~Tee~~~
ထူထဲတဲ့အနွေးအင်္ကျီရဲ့ အိပ်ကပ်ထဲကဖုန်းလေးဟာ တုန်ခါလာတာမို့ သူယူကြည့်လိုက်တယ်။
Content name လေးက "ကိုကို" တဲ့။
ကောင်ငယ်လေးဟာ သူမသိလိုက်ခင်မှာပဲ
ဖုန်းလေးကိုကြည့်လို့ ပါးမို့မို့လေးထင်းနေအောင်
ပြုံးနေမိပြီ။"ဟယ်လို ကိုကို "
"ရိပေါ် ကိုကိုတောင်းပန်ပါတယ်
အရေးကြီးကိစ္စရှိလို့ ချိန်းထားတာမလာဖြစ်တော့ဘူး
နောက်တခေါက်မှ ကိုကိုအရသာရှိတာတွေ
လိုက်ကျွေးမယ်နော်"ပျော်ရွှင်နေတဲ့ကောင်လေးရဲ့ အပြုံးတွေက
ရုတ်ချည်းဆိုသလို ရပ်တန့်သွားတယ်။"အင်းပါ ကိုကို"
ဖုန်းကိုချလို့ ခပ်ဝေးဝေးကိုပစ်ပေါက်လိုက်တယ်။
အပြစ်မဲ့တဲ့ဖုန်းလေးက လမ်းမပေါ်မှာ
တစစီကွဲကြေသွားခဲ့တယ်။"ကိုကိုက အမြဲကတိမတည်ဘူး
ကိုကိုနဲ့အတူ ပထမဆုံးနှင်းကျတာကိုကြည့်ချင်ခဲ့တာ"အဖြူရောင်နှင်းတွေကြားမှာ ကောင်ငယ်လေးဟာ ဒူးထောက်လို့ငိုကြွေးနေမိပြီ။
နှင်းလေးတွေက ခပ်တိုးတိုးပြောသွားကြတယ်။မငိုပါနဲ့ကောင်လေးရယ်
မင်းငိုနေတာထက် ခုနကလိုပြုံးနေတာက
ပိုလိုက်ဖက်ပါတယ်တဲ့။*********************************
ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
တည်ကြည်တဲ့အသံအဆုံးမှာ ယွီပင်းလဲ
အခန်းထဲဝင်သွားတော့တယ်။
အခန်းထဲမှာတော့ တည်ကြည်ချောမောပြီး
နူးညံ့တဲ့ အသွင်နဲ့ ဌာနမှူးဟာ အလုပ်တွေရှုပ်နေပုံရတယ်။
ယွီပင်း သူယူလာတဲ့ဖိုင်လေးကို စားပွဲပေါ်တင်ပေးလိုက်ပြီး