Unicode
ချင်းရီကိုအရေးပေါ်ခန်းထဲ ထည့်ထားပြီး
ရှောင်းကျန့်မှာထိုင်တောင်မထိုင်နိုင်ဘဲ ယောက်ယက်ခတ်နေမိသည်။
သူ့လက်ဖဝါးတစ်ခုလုံးလဲ ချွေးတွေစို့နစ်လို့နေပြီ။
အရေးပေါ်ဖြစ်တဲ့အထိဆို သူ့ညီမလေးဘယ်လောက်တောင် စိုးရိမ်နေရမလဲ။
ရိပေါ်ကတော့ ရောက်တာနဲ့ စာရင်းသွင်းဖို့
ကောင်တာကိုထွက်သွားတယ်။
တော်သေးတာပေါ့။
သူ့ဘေးမှာ ရိပေါ်ရှိနေလို့။ခဏအကြာမှာတော့ ရိပေါ်က အအေးဗူးတစ်ခုကိုင်ပြီး ပြန်လာတယ်။
သူ့နားလျှောက်လာပြီး လက်ထဲကအအေးဘူးကိုကမ်းပေးတယ်။"တော်ပြီ ရိပေါ်"
သူငြင်းလိုက်တော့ ရိပေါ်ကဆက်မပေးတော့ဘဲထိုင်ခုံမှာထိုင်ချလိုက်ပြီး အအေးဘူးကို
ဖွင့်သောက်တော့တယ်။
ရှောင်းကျန့် ရိပေါ်ဘေးသွားထိုင်လိုက်ရင်း ပြောလိုက်မိတယ်။"ကျေးဇူးပါ ရိပေါ်"
ရိပေါ်ကဘာမှပြန်မပြောလာဘူး။
အအေးကိုသာဆက်သောက်နေသည်။ပတ်ဝန်းကျင်က ခဏလောက်တိတ်ဆိတ်သွားတယ်။
သူတို့နှစ်ယောက်ကြားမှာ ပြောစရာစကားတွေက အများကြီးပေါ့။
ဒါပေမဲ့ များလွန်းလို့ ပြောမထွက်တော့တာဖြစ်မယ်။
ဘယ်ကဘယ်လို စပြောကြရမလဲ။
ငြိမ်သက်နေတဲ့ အခြေအနေကို ရိပေါ်ရဲ့
အိပ်ကပ်ထဲက ဖုန်းမြည်သံကဖြိုခွဲလို့သွားသည်။
ရိပေါ်ကို ဆက်လာတဲ့သူကို ရှောင်းကျန့် ရုတ်တရက်လှမ်းမြင်လိုက်ရတယ်။"လုချင်းအာ"
ရှောင်းကျန့် အခုချိန်မှာ အဲ့မိန်းမနဲ့ပက်သက်တာဘာကိုမှ မကြားချင်မမြင်ချင်ဘူး။
သူထိုနေရာကထွက်သွားဖို့ မတ်တပ်ရပ်လိုက်မိတယ်။ရုတ်တရက်ပါပဲ။
ရိပေါ်ကသူ့လက်တစ်ဖက်ကို
လှမ်းဆွဲထားခဲ့တယ်။"မသွားနဲ့"
သူ့လက်ကိုဆွဲချလိုက်ပြီး ထိုင်ခုံမှာပြန်ထိုင်စေတယ်။
ပြီးတာနဲ့ ဖုန်းကိုကိုင်တယ်။"ဟယ်လို"
ရိပေါ်ဖုန်းကိုင်လိုက်တာနဲ့ တဖက်က ပိုသာလွန်းတဲ့လုချင်းအာရဲ့အသံကို ကြားလိုက်ရတယ်။