Part 13

578 54 14
                                    

Unicode

"ဘာလုပ်တာလဲ ရှောင်းကျန့်!"

ရိပေါ်ကသူ့ကိုခပ်ကြမ်းကြမ်းတွန်းထုတ်ပြီး
လုချင်းအာကို ပွေ့ဖက်ထားတယ်။
လုချင်းအာကတော့ သူရိုက်လိုက်တဲ့ပါးတဖက်ကိုအုပ်ကိုင်ရင်း ငိုနေဟန်ပြုတယ်။
အကြည့်တွေ။
ရိပေါ်သူ့ကိုကြည့်နေတဲ့ အဲဒီ့အကြည့်တွေ။

ရှောင်းကျန့် သူ့လက်ဖဝါးသူပြန်ငုံ့ကြည့်မိလိုက်တယ်။
နီရဲရဲသွေးစက်တွေမြင်တော့ သူအေးစက်စက်ရယ်ချမိလိုက်တော့တယ်။

"ဟက်"

ပြီးတာနဲ့ လဲကျနေရာမှ ထိုလူနှစ်ယောက်ရှေ့
ထရပ်လိုက်မိသည်။
ရိပေါ်နဲ့အကြည့်ချင်းဆုံအောင်ကြည့်ရင်း သူ့လက်က သွေးတွေကိုခါထုတ်လိုက်တယ်။

ရိပေါ်ရဲ့ အကြည့်ခဏတာ တုန်လှုပ်သွားတာ
မြင်လိုက်မိသလိုပါပဲ။

"အခြေအနေတွေကို သေချာမသိဘဲ ရမ်းကားလွန်းလိုက်တာ တာဝန်ခံဝမ်"

ရှောင်းကျန့်ရဲ့မျက်ဝန်းအိမ်ကနီရဲနေသလို အသံတွေကလဲ တုန်ခါနေခဲ့တယ်။
ဒေါသကြောင့် ဖြစ်နိုင်သလို ဝမ်းနည်းမှု
ကြောင့်လဲ ဖြစ်နိုင်တယ်။

ရိပေါ်က သူ့စကားဆုံးတာနဲ့ ပြန်မေးလာတယ်။

"ဒါဆို မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ရိုက်တဲ့ ခင်များကမှန်တယ်ပေါ့"

"မင်းသိလား!!!
ငါဘာလို့ အဲ့မိန်းမကိုခုလိုရိုက်လဲ မင်းသိလား!!!"

သူအော်လိုက်တော့ လုချင်းအာက ရိပေါ်သူမကိုဖက်ထားတာကို ရှေ့တိုးလာပြီး ပြန်ပြောတယ်။

"နင်ကရော
ငါကအမှန်ပြောလို့ နင်မခံနိုင်တာဖြစ်မှာပေါ့
ဟုတ်တယ်မလား"

"နင့်စကားတွေတော်လိုက်တော့နော်
လုချင်းအာ"

"မတော်နိုင်ဘူး
ငါပြောတာအမှန်မဟုတ်လား
နင် ချင်းရီကိုတခုခုလုပ်ထား .... "

"ဟာ !!!"

ရှောင်းကျန့် ဒေါသတကြီးရှေ့တိုးမိတော့
ရိပေါ်က ထိုမိန်းမရှေ့ပိတ်ရပ်ပြီး သူ့ကိုဆောင့်တွန်းတယ်။

"ခင်များမလွန်လာနဲ့ ရှောင်းကျန့်"

ရိပေါ် သူတို့ပြောနေတာတွေ ဘာမှမသိပါဘူး။
သူနားလည်လိုက်တာ ရှောင်းကျန့်နဲ့ ချင်းရီဆိုတဲ့ကောင်မလေးအကြောင်းဖြစ်မယ်ဆိုတာပဲ။

Dear my all,Where stories live. Discover now