Unicode
ရိပေါ်ကို အရေးပေါ်ခန်းထဲထည့်ထားပြီးနောက်မှာ ရှောင်းကျန့်အခန်းရှေ့မှာပဲ ငြိမ်သက်စွာ ထိုင်နေမိသည်။
သူ့ကိုယ်ပေါ်မှာ ရိပေါ်ရဲ့သွေးတွေရှိနေဆဲ။
ရှောင်းကျန့် တိတ်တဆိတ်မျက်ရည်ကျမိတယ်။တကယ်ဆို ခုချိန်မှာ အရေးပေါ်ခန်းထဲကလူက သူဖြစ်နေရမှာ။
ရိပေါ် မဟုတ်ဘူး။
အမ်မလီကတော့ ရှောင်းကျန့်ကို စိတ်မကောင်းသလိုကြည့်ပြီး သက်ပြင်းချတယ်။
သူမလဲ Leo ကို တအားစိတ်ပူနေမိတယ်။
ဒါပေမဲ့ Leo ကအရမ်းသန်မာတာ။
ဘာမှဖြစ်မှာမဟုတ်ပါဘူး။ထိုစဉ် မှာပဲ သူမတို့ရှိနေတဲ့နားကို အလျင်အမြန်ပြေးလာတဲ့ခြေသံနဲ့အတူ သူမနာမည်ကို ခေါ်တဲ့အသံကိုပါ ကြားလိုက်ရတယ်။
"အမ်မာ!"
"Dad"
အရေးပေါ်ခန်းရှေ့ အပြေးတလွှားရောက်လာတဲ့ Dad ပုံစံက Leo ကိုအရမ်းစိတ်ပူနေမှန်းသိသာလွန်းတယ်။
အလုပ်ကနေ အမြန်ပြေးထွက်လာပုံရတာကြောင့် ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူမကို မြင်တာနဲ့ အသည်းအသန်ဆွဲလို့မေးတော့တယ်။"သားငယ်ရော သားငယ်ဘာဖြစ်သွားသေးလဲ!"
"Leo ကအခုအရေးပေါ်ခန်းထဲမှာ"
"ဘာ"
ဝမ်ချီရန် စိတ်ထဲ ထိတ်ခနဲ ပါပဲ။
ထပ်ဖြစ်ပြန်ပြီ။
ဒီလိုနေ့မျိုး သူထပ်ကြုံလာရပြန်ပြီ။
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကိုယ့်ကိုယ့်ကို
ထိခိုက်အောင်လုပ်တတ်လွန်းတဲ့ သားငယ်ကြောင့် အရေးပေါ်ခန်းရှေ့မှာစောင့်ပြီးစိုးရိမ်ပေးခဲ့ရတဲ့အခြေအနေမျိုး သူထပ်ကြုံလာရပြီပဲ။ဝမ်ချီရန် အရေးပေါ်ခန်းရှေ့က ခုံပေါ်
လက်နှစ်ဖက်စုကိုင်လို့ ခေါင်းငုံ့ထိုင်နေတဲ့
ရှောင်းကျန့် ကိုတွေ့လိုက်ရတယ်။
ဒီလိုအခြေအနေတွေအားလုံးက ဒီကောင်လေးကြောင့်ပဲ။
သားငယ် အရေးပေါ်ခန်းထဲရောက်ရတဲ့ တရားခံက အမြဲတမ်းသူဖြစ်နေခဲ့တာ။
အရင်ကရော အခုလက်ရှိရော။ဝမ်ချီရန် မျက်နှာကိုတင်းလိုက်ပြီး ခေါင်းငုံထိုင်နေတဲ့ ရှောင်းကျန့်ရှေ့ သွားရပ်လိုက်တယ်။
ပုံမှန်ထက် တင်းမာတဲ့လေသံနဲ့ သူ ရှောင်းကျန့်ကို ခေါ်လိုက်တယ်။