Part 10

537 49 9
                                    

Unicode

ရှောင်းကျန့်ကို ကားလမ်းပေါ်ပစ်ထားခဲ့ပြီး
ရိပေါ် ကားကိုတရှိန်ထိုးမောင်းထွက်လာခဲ့တယ်။
သူ့စိတ်ထဲမှာတော့ ဗုံးတစ်ခုပေါက်ကွဲနေသလိုပူလောင်နေတယ်။
သူဟာ ရှောင်းကျန့်ကိုအနိုင်ယူခဲ့တယ်လို့ထင်ခဲ့ပေမဲ့ တကယ်တမ်းကျ သူကအမြဲရှုံးနေခဲ့တာ။
ရှောင်းကျန့်က သူ့ကိုမချစ်ခဲ့ဘူး။
ရှောင်းကျန့်မှာ တခြားချစ်ရတဲ့လူရှိတယ်။
အဲ့အချက်ဟာ ခုချိန်ထိကို ရိပေါ်အတွက်
အနာကျင်ရဆုံးဓားတစ်ချောင်းဖြစ်နေတုန်းပါပဲ။
သူဟာ ဘယ်လောက်ပဲသန်မာချင်ယောင်ဆောင်ဆောင် သူ့စိတ်ထဲကနာကျင်မှုကိုတော့ သူကိုယ်တိုင်ပဲသိတယ်။ဒါကို ဘယ်သူမှ
နားမလည်ပေးနိုင်ဘူး။

ရိပေါ် သူ့ကိုယ်သူတကယ်မုန်းမိတယ်။
ဘာလို့များ ဒီလောက်နာကျင်မှုတွေခံစားနေရတာတောင် အဲ့ဒီလူကိုမုန်းပစ်လို့မရတာလဲ။
သူ့ဆီမှာ အဲဒီလူအတွက်ခံစားချက်တွေ ဘာလို့ကျန်နေသေးရတာလဲ။
အဲဒီလူကို ထိတွေ့လိုက်တိုင်း ဘာလို့အရင်ကအတိုင်းခံစားနေရတာလဲ။
ဒါကတကယ့်ကို မတရားဘူးမလား။

"ဝ..ဝမ်"

ရိပေါ်ရဲ့အတွေးတွေက ဘေးနားက
လုချင်းအာရဲ့ခေါ်သံကြားမှ အသိပြန်ဝင်လာတော့တယ်။

"အရှိန်လေးလျှော့မောင်းလေ ဝမ်"

လုချင်းအာပြောမှ သူကားကိုအရှိန်တင်ပြီး
မောင်းနေမိမှန်းသိတော့တယ်။

ရိပေါ် ကားကိုအရှိန်လျှော့လိုက်ရင်း ပေါက်ကွဲနေတဲ့ သူ့စိတ်တွေကိုထိန်းလိုက်မိတယ်။

"ရှောင်းကျန့်ကို ဘာလို့ထားခဲ့တာလဲဝမ်"

"ရှုပ်လို့"

"ဟင်"

လုချင်းအာဘက်လှည့်ပြီး ရိပေါ်ခပ်မဲ့မဲ့ပြုံးပြလိုက်တယ်။

"သူက ကိိုယ်တို့နှစ်ယောက်ကြားရှုပ်နေတယ်
ခံစားရလို့လေ
အခုက ကားလမ်းမပဲ
သူ့ဟာသူ ကားငှားပြီး ပြန်လိမ့်မှာပေါ့
ဘာလဲ ချင်းအာက ရှောင်းကျန့်ကိုထားပစ်ခဲ့လို့ကိုယ့်ကိုအပြစ်တင်ချင်လို့လား"

"အာ မဟုတ်တာ ဝမ်ကလဲ
ချင်းအာ အဲ့လိုမတွေးပါဘူး"

လုချင်းအာ ကတကယ်ပျော်နေတာပါ။
အစတည်းက သူမကရှောင်းကျန့်ကိုခေါ်ချင်တာမှ မဟုတ်တာ။
အခုဆို ဝမ်နဲ့ နှစ်ယောက်တည်း ။
ဘယ်လောက်တောင်ကောင်းလိုက်သလဲ။

Dear my all,Where stories live. Discover now